Breaking News

ထွန်း၀င်းငြိမ်း - ဂုဏ်ပြုကြ

ထွန်း၀င်းငြိမ်း - ဂုဏ်ပြုကြ
(မိုးမခ) ဇူလိုင် ၂၇၊ ၂၀၂၂

ဂုဏ်ပြုကြ။
သူတို့ကို
ဂုဏ်ပြုကြ။
တော်လှန်ရေးကြီးတခုလုံးနဲ့
ဂုဏ်ပြုကြ။
ဘဝအသစ်နဲ့
သူတို့အသံဟာ
နွေဦးအလံရဲ့ ထိပ်ဖျားမှာ
လွတ်မြောက်ရေးတေးသံအဖြစ်
ငါတို့ကြား‌ရလိမ့်မယ်။
ဂုဏ်ပြုကြ။
သူရဲကောင်းအ‌ပေါင်းကို
ဂုဏ်ပြုကြ။
ခေတ်ကိုပြောင်းမယ့်
အောင်ပွဲနဲ့အတူ
ဂုဏ်ပြုကြ။

ထွန်းဝင်းငြိမ်း
၂၅၊ ၇၊ ၂၀၂၂

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar