နေသွင်နိုင်း - သမိုင်းမှာ အရောင်၊ အနံ့၊ အရသာ ရှိတယ်
(မိုးမခ) ဇူလိုင် ၈၊ ၂၀၂၂
ဆဒမ်ဟူစိန်
ကဒါဖီ
ပိုပေါ့
သမိုင်းမှာ အရောင်ရှိတယ်။
ဆူကာနို
ပီနိုချေး
နပိုလီယန်
နီရိုး
သမိုင်းမှာ အနံ့ရှိတယ်။
သခင်ကိုယ်တော်မှိုင်း
ဗိုလ်ချုပ်အောင်ဆန်း
ဆလိုင်းတင်မောင်ဦး
သမိုင်းမှာ အရသာရှိတယ်။
ခက်သီ
ကေဇဝင်း
ညီမလေး မြသွဲ့သွဲ့ခိုင်
ပြီးတော့
ငါ့ညီတွေ
ငါ့ရဲဘော်တွေ
လူမသိ သူမသိ ကြယ်တွေ
သမိုင်းမှာ သွေးကြွေးရှိတယ် သူငယ်ချင်း။
သူငယ်ချင်း
ဒါဟာ ငါးကြောင့် ဖြစ်တဲ့စစ်ပွဲမဟုတ်ဘူး
ဒါဟာ ယမကာကြောင့် ဖြစ်တဲ့စစ်ပွဲ မဟုတ်ဘူး
သမိုင်းမှာ အရောင်၊ အနံ့၊ အရသာရှိတယ်ဆိုတာ
လူ့အန္ဓတွေ မသိဘူး။
သူငယ်ချင်း
မင်းဟာ တိုင်းပြည်ရန်စွယ်
မင်းဟာ တိုင်းပြည်ရဲ့ဆူးငြောင့်
မင်းဟာ မအေလိုးအိတ်ကပ်ထဲက ပွန်းတစ်ကောင်
မင်းသေနတ်ဖျားက ဘယ်တော့မှ ပန်းလည်းမပွင့်
လမ်းလည်း မဖြစ်
မင်းပြောတဲ့ ငြိမ်းချမ်းရေးဆိုတာ
မအေလိုးတို့ကစားနေတဲ့ စီးပွားရေးတစ်ခုဆိုတာ
အစောကြီးကတည်းက ပြောခဲ့ဖူးသားပဲ သူငယ်ချင်း။
သူငယ်ချင်းကြားရဲ့လား
ဓား ဓားချင်း ပွတ်သပ်သံလို
ပျက်နေတဲ့တီဗီရဲ့ကုတ်ခြစ်မျဥ်းတွေ
နာကျင်သူများရဲ့သွေးစက်တွေ
စွန့်လွှတ်စွန့်စားကြသူတို့ရဲ့ သမိုင်းသစ်မှာ
တော်လှန်သူရဲ့ ဝိညာဥ်ဟာ
တပ်ဦးအလံကို ကိုင်ထားတယ်။
ရန်သူ့ရနံ့ဟာ ကောက်ကျစ်စဉ်းလဲမှုအရေပြားနဲ့လတ်ဆတ်လို့
လူငယ်တွေပန်းထားတဲ့သေးတွေဟာ
မအေလိုးရဲ့ ကျက်သရေမဲ့စောက်ခွက်ပေါ်မှာ
မြစ်ချောင်းလို ပန်းထွက်လာကြတယ် သူငယ်ချင်း။
သူငယ်ချင်း
စာသင်ခန်းထဲ ငါ ကဗျာရေးတော့
မင်းက ပွဲဈေးထဲက သေနတ်နဲ့ဒိုင်းခနဲ ငါ့ကိုပစ်တယ်
ငါတို့ရယ်မောခဲ့ကြ
စိတ်ကူးကို မြစ်လိုကူးခဲ့ကြ
ရွာဘုရားပွဲမှာ ငါကသူပုန်လုပ်တော့
မင်းက စစ်သားကောင်းကြီးတစ်ယောက်အဖြစ်
တင်ဆက်
ပရိသတ်ရဲ့မျက်ရည်ချူပြီး
တပ်မတော်သည်သာ အမိ တပ်မတော်သည်သာ အဖ
ဇာတ်စင်ပေါ် က ကြတဲ့အခါ
မင်းက သူရဲကောင်း
ငါက ဗီလိန်
ကျေးလက်အော်စကာညချမ်းမှာ
ငါတို့ ပျော်ခဲ့ကြ
ငါတို့ မော်ခဲ့ကြ
တကယ့်သမိုင်းဆိုတာ
စင်တင်ပြဇာတ်တစ်ခု မဟုတ်ဘူး သူငယ်ချင်း။
သူငယ်ချင်း
ငါတို့က ၅/ကွ ဆိုပြီး
မင်းမှတ်ပုံတင် မင်းကြည့်ရဲရဲ့လား
ဒီမှာ ငါတို့ တစ်ရွာလုံး နွေပွဲသဘင်နဲ့
ပွဲကနေပြီ
ဘယ်ကောင်သေရဲလဲ ဟုတ်လား
မင်းလည်း ဒီပုတ်ထဲက ပဲတစ်စေ့ထက် မပိုဘူးကွ
အခု ငါတို့မေးနေတယ်
ဘယ်ကောင်သေရဲလဲ။
မင်းက အစွဲမကျွတ်သူလို ရှင်သန်မှုနဲ့
အမြီးနှံ့
လက်ညှိုးထောင်
ခေါင်းညိတ်
မိုးလုံးပြည့်ဝါဒ မှိုင်းအပြည့်နဲ့
အမျိုးဘာသာသာသနာတက်တူးနဲ့
ဘုရားကို မီးဖုတ်
သံဃာကို မီးကင်
ခေါင်းထဲသုက်ပိုးအပြည့်နဲ့
ထားရာနေ စေရာသွား
မင်းက တကယ့်နွားပဲ ဟိတ်ရောင်... တကယ့်နွားပဲ။
မင်းအရိပ်ကိုတောင်
သေနတ်နဲ့တဒိုင်းဒိုင်းပစ်နေတာ
ရယ်စရာကောင်းလှတယ်........ သူငယ်ချင်း
အဲ့ဒါ သားဆက်မြေးဆက် ခြောက်လှန့်နေတော့မယ့်
တစ္ဆေပဲ
အာရုံငါးပါးချွတ်ယွင်းသွားသူလို
ဘူတာက ထွက်ခွာသွားတဲ့ရထားလို
ကမ္ဘာတစ်ခြမ်းက အရသာမဲ့မြစ်မှာ
သစ္စာဖောက်လောက်လန်းတွေအဖြစ်
အလျားလိုက် ကူးခတ်
သမိုင်းမဲ့ရုပ်နာမ်များဟာ
ဘယ်တော့မှ မလွတ်မြောက်တော့မယ့်
မြေပုံကြီးထဲမှာ။
သေနတ်တွေက ဈေးကြီးပြီး
အသက်တွေက ဈေးပေါတဲ့ခေတ်မှာ
ငါတို့သမိုင်း ငါတို့ပိုင်တယ် သူငယ်ချင်း
သေဖို့လည်း အသင့်
ရှင်ဖို့လည်း အသင့်ဟေ့
"ဒေါင်းအလံကို မောင်းပြန်နဲ့
ဘယ်အခါမှ မခွဲနိုင်ဘူး”
ငါတို့မြို့ ငါတို့ရွာ
ရန်သူ့အရိုးနဲ့ စည်းရိုးထိုးမယ်
ငါတို့လယ် ငါတို့ယာမှာ
ရန်သူ့ခေါင်းဟာ စာခြောက်ရုပ်
ရန်သူ့အသားဟာ မြေသြဇာ
ရန်သူ့ကျောရိုးဟာ ငါတို့တူရိယာ
သမိုင်းကို
ဘယ်ကျောင်းသင်ခန်းစာမှ မဖတ်နဲ့ သူငယ်ချင်း
ငါတို့ဟာ
နိုင်ငံတော်သစ်ရဲ့ သင်ရိုးညွှန်းတမ်းဖြစ်တယ်
ငါတို့ဟာ သက်ရှိသမိုင်းတစ်ခုဖြစ်တယ်
လွတ်မြောက်ခြင်းနတ်ဘုရားဆိုတာ
ငါတို့လူငယ်တွေ
ငါတို့ဟာ နောက်မျိုးဆက်ရဲ့ နတ်ဘုရား
ငါတို့ရဲ့လမ်းမှာ
အာဏာရှင်ကို အမြစ်ဖြတ်
ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်
ဘယ်တော့မှ အုပ်ချုပ်ခွင့်မရစေရ
ဘယ်တော့မှ လက်နက်မချ
ငါတို့သမိုင်း ငါတို့ပိုင်တယ်ဆိုတာ
သွေးနဲ့ ရေးခြယ်ပြကြတယ်။
သဒ္ဓါ၊ သတိ၊ သမာဓိ၊ ပညာ၊ ဝီရိယ
ဗိုလ်ငါးဗိုလ်က လွဲပြီး
မတရားမှုမှာ ဘယ်ခွေးမှ ဗိုလ်မထားဘူး သူငယ်ချင်း
နိုးထကြ
ချီတက်ကြ
မနက်ဖြန်ကို သွေးနဲ့ရေးလို့
သမိုင်းရဲ့အရသာမှာ
ငါတို့ လှပနေကြတယ်။
သူငယ်ချင်း
လိပ်ပြာရှင်းတမ်းမှာ
မင်းက သစ္စာဖောက်အဖြစ်
ငါက ပုန်ကန်သူအဖြစ်
မင့်းညီက တော်လှန်သူအဖြစ်
အလံကိုလက်ဆင့်ကမ်းလို့
ငါတို့ခေတ် ငါတို့သမိုင်းမှာ ငါတို့မရိုင်းဘူး
ငါတို့ ရဲရင့်ကြတယ်
ငါတို့သေရဲကြတယ်
သေသူကို ရှင်သူ တ ကြတဲ့အခါ
မင်းကို မလွမ်းတော့ဘူး ငါ့ကောင်
သူငယ်ချင်းက သူငယ်ချင်း
စစ်တလင်းက စစ်တလင်းပဲ ငါ့ကောင်။
နာကျင်အချိန်ပိုတွေအများကြီးနဲ့ ကမ္ဘာကြီးထဲ
ရဲရင့်ခြင်းဝတ်စုံကလွဲပြီး
ဘယ်အရာကများ အစားထိုးပေးနိုင်လဲကွာ။
မိစ္ဆာနှင်တဲ့ပွဲတော်ဆိုတာ
အနာဂတ်စိုက်ခင်းတစ်ချပ်ပဲ
ဒါဟာ မျိုးဆက်တစ်ခုဖြစ်တယ်
ဒါဟာ ငါတို့လူငယ်ဘဝဖြစ်တယ်
ငါတို့လမ်း ငါတို့ခေတ်
ငါတို့ခေတ်ဟာ ငါတို့လမ်းပဲ သူငယ်ချင်း။
သစ်မြစ်တွေဟာ
တရားမျှတလွတ်လပ်ခြင်း ကောင်းကင်ဆီ
ဂျက်ရဲ့ ပဲပင်တွေလို ထိုးထွက်
အိပ်မပျော်တဲ့ အသံဟာ
အိပ်ပျော်နေတဲ့လူတွေကို လိုက်ပြီးပြောတယ်
ဂရိနတ်ဘုရားဒဏ္ဍာရီတွေလို
ငါပြောတယ်သူငယ်ချင်း
သမိုင်းမှာ အရောင် အနံ့ အရသာ တကယ်ရှိတယ်
သေရဲရဲ ရှင်ရဲရဲမှာ
ငါတို့ခေတ် ငါတို့ဘဝ
ငါတို့အသံ ငါတို့အလံ
ငါတို့သမိုင်း ငါတို့ပိုင်တယ် သူငယ်ချင်း။
နေသွင်နိုင်း
၆၊ ၇၊ ၂၀၂၂
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar