Breaking News

ဝဇီရာဒီဖိုး - ရှက်တတ်ရင် - ၂

ရှက်တတ်ရင် - ၂
 ဝဇီရာဒီဖိုး 
(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၂၂

မဖြေသူနဲ့ သေသူသာ မအောင်တဲ့ ခေတ်ထဲ
စာမေးပွဲအောင်တာ 
ငါ ရှက်တယ်။

အောင်ပြီးကျရတဲ့ ဘဝ
ကလေးတွေရဲ့ အနာဂတ်
မိဘတွေအစား
ငါ ရှက်တယ်။

ခေတ်ဆိုးခေတ်ပျက်ကြီးထဲ
ရက်တို လတိုနဲ့
ခြောက်ဘာသာဖြေတာ
ခုနှစ်ဘာသာ ဂုဏ်ထူးထွက်တာ
ငါ ရှက်တယ်။

ခေတ်ဆိုးခေတ်ပျက်ကြီးထဲ
စီးပွားတတ်တာ
ငါ ရှက်တယ်။

ခေတ်ဆိုးခေတ်ပျက်ကြီးထဲ
ဘုရားဖူးထွက်နေကြတာ
ငါ ရှက်တယ်။

ရှက်တတ်သူတွေမှ
ရှက်တတ်ကြ
မရှက်တတ်သူတွေအတွက်လည်း
ငါ ရှက်ရ။

ယိုသူမရှက် မြင်သူရှက်
အနေချောင်ရင် အသေကြပ်လိမ့်။

ဒီလိုတွေကြောင့်
နွေဦးရေ....
ငါ ရှက်ရပေါ့။              ။

ဝဇီရာဒီဖိုး
11:01, 18-6-2022
တတယပက
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar