Breaking News

ကျော်မင်းထွန်း(NEW YORK) - ငါတို့ဟာ


ငါတို့ဟာ
ကျော်မင်းထွန်း(NEW YORK)
(မိုးမခ) ဇူလိုင် ၄၊ ၂၀၂၂


မေ့ထားလိုက်..
ပီဇာတွေ ဟမ်ဘာဂါတွေကို
မေ့ထားလိုက်
ငါတို့မေ့ထားလိုက်။

မေ့ထားလိုက်..
ဗယ်လင်တိုင်းတွေ ချောကလက်တွေကို
မေ့ထားလိုက်
ငါတို့မေ့ထားလိုက်။

မေ့ထားလိုက်..
ဟစ်ပ်ဟော့တွေ ဗွီဒီယိုဂိမ်းတွေကို
မေ့ထားလိုက်
ခွဲခန်းမှာ မေ့ဆေးပေးခံရသလို
ငါတို့မေ့ထားလိုက်။

လာနေပြီ..
ဟိုမှာ လာနေပြီ
ဗုဒ္ဓကို တိုက်ခိုက်တဲ့
မာန်နတ်ရဲ့ စစ်တပ်လာနေပြီ။

လာနေပြီ..
ဟိုမှာ လာနေပြီ
ဂျူးတွေကို အဆိပ်ငွေ့နဲ့သတ်တဲ့
ဟစ်တလာရဲ့ နာဇီတပ်လာနေပြီ။

လာနေပြီ..
ဟိုမှာ လာနေပြီ
ဟာဝိုင်ယီကို ဗုံးကြဲတဲ့
ဂျပန်ငပုရဲ့ ဖက်ဆစ်တပ်လာနေပြီ။

တိုက်ကြ.. တိုက်ကြ..
အသက်ငွေ့ငွေ့ပဲကျန်အောင်
ဝိုင်းတိုက်ကြ
ဂျပန်ငပုကို တိုက်သလိုမျိုး

မြန်မာဂျပုကို ဝိုင်းတိုက်ကြ။
တိုက်ကြ.. တိုက်ကြ..
အရိုးတခြား အသားတခြားဖြစ်အောင်
ဝိုင်းတိုက်ကြ
ဖက်ဆစ်ဂျပန်ကို တိုက်သလိုမျိုး
ဖက်ဆစ်စစ်တပ်ကို ဝိုင်းတိုက်ကြ။

ပခုံးပေါ် မှာ သေနတ်ချိန်ထားတဲ့အခါ
ဘာကဗျာ ရွတ်ရမလဲ
ခေတ်ကငါတို့ကိုချိန်ထားတဲ့အခါ ဆိုတဲ့
ကဗျာကို ရွတ်ရမှာပဲ။

ငါတို့ဟာ ဓမ္မဘက်တော်သား
ငါတို့ဟာ ချေဂွေဗားရားနဲ့
ခုတ်မောင်းနေတဲ့ ရထား

ငါတို့ဟာ…
သမိုင်းမှာ မေ့ထားလို့မရတဲ့
ဂျန်ဇီနဲ့ပီဒီအက်ဖ်များ။    ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar