Breaking News

စိုးရိမ် - စစ်ပြေး

စစ်ပြေး
စိုးရိမ်
(မိုးမခ) ဩဂုတ် ၁၅၊ ၂၀၂၂

ငါတို့က ပျောက်ဆုံးလူသားတွေ
ငါတို့မှာ ဘာမှမရှိဘူး
အခြေခံလူ့အခွင့်အရေးလား
မှုန်မှုန်လေးတောင်မမြင်ရဘူး
ပန်းခူးထွက်ဖို့မပြောနဲ့
ကိုယ့်အသက်ကိုဘယ်သူဆွဲနှုတ်သွားမလဲ
သတိဆွဲနေရတဲ့ဘဝ
ပညာရေးအကြောင်းလာမပြောနဲ့
ကျန်းမာရေးအကြောင်းလာမပြောနဲ့
ငတ်လာပြီဆို
သစ်ဥသစ်ဖုနဲ့ မြက်အဆုံး
ကိုယ့်ကိုယ်ကိုယ် ပိုးမွေးသလိုမွေးနေရတဲ့ဘဝ
ရာသီဥတုလား ရောဂါ ပိုးမွှားလား
ကိုယ်ခံအားကိုပြုပြင်ပြီး တော်လှန်နေရတဲ့ဘဝ
'ဘယ်နေရာမှာကျပျောက်ခဲ့ကြတာလဲ'
လာမမေးနဲ့ လာမပြောနဲ့
ငါတို့ရဲ့ကိုယ်ရောင်ကိုယ်ဝါကို ငါတို့ကိုယ်တိုင်
တောတွေတောင်တွေထဲဖျောက်ထားကြတာ
ကမ္ဘာမြေဆိုတာ ငရဲဘုံလားဆိုတဲ့ မေးခွန်းတွေနဲ့...။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar