နှင်းခါးမိုး - နီရဲသောနှင်းဆီပန်းများနှင့်အတူ
နီရဲသောနှင်းဆီပန်းများနှင့်အတူ
နှင်းခါးမိုး
(မိုးမခ) ဩဂုတ် ၂၆၊ ၂၀၂၂
ဓားတောင်ကိုနင်းပြီး
မီးပင်လယ်ကိုလက်ပစ်ကူးမယ်၊
အခါတထောင်သေပြီးသားသစ္စာတရားကို
မင်းတို့ဘယ်လိုသတ်မလဲ၊
အနိုင်အရှုံးတွေမလိုအပ်ဘူး
နှလုံးသားမှာမီးလျှံတခုရှိရင်
မြင်မြင်သမျှဟာ ကိုယ့်ကမ္ဘာ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar