နေသွင်နိုင်း - ခင်ကြီးတရား
နေသွင်နိုင်း
(မိုးမခ)ဩဂုတ် ၂၇၊ ၂၀၂၂
ငါတို့တွေ ပြန်စရာအိမ် မရှိ
ငါတို့တွေ ပျံသန်းစရာ ကောင်းကင်မရှိ
ငါတို့ကလေးတွေမှာ အိပ်မက်မရှိ
ရေထု လေထု မြေထုမှာ သေခြင်းရနံ့ကလွဲလို့
တရားလည်း မပွင့်
ဘုရားလည်း မပွင့်
မနက်မိုးအလင်းမှာ ဂုဏ်တော်မဖွင့်
မအေလိုးလို့ အရပ်ဆယ်မျက်နှာ ဟစ်လိုက်ကြတယ်
အေး......မအေလိုးကို မအေလိုးပဲ
ထာဝရ မအေလိုးပဲ မအေလိုး။
ဓားဝံ့ပြီး ရေးရတဲ့သမိုင်းမှာ
ငါတို့ရိုင်းစိုင်းခဲ့လိုက်ပြီ။
သုံးနှစ်သုံးမိုး
ဆယ်နှစ်ဆယ်မိုး
ဘဝကိုပျိုးကြဲပြီး ဖွင့်ဆိုတည်ဆောက်ခဲ့ရတဲ့အိမ်ဟာ
ဉာဏ်ပညာနဲ့ချစ်ခြင်းတရားမသင်ကြားခဲ့ရတဲ့
မိစ္ဆာခွေးတပ်တွေရဲ့
တသွေး တသံ တမိန့်အောက်မှာ ပြာအတိမို့
အမှောင်ထုထဲ
ဝရုန်းသုန်းကားမောင်းနှင်နေရတဲ့မြစ်ဖျား
နိဗ္ဗာန်လည်း မရချင်တော့။
ငါ့တိုင်းပြည်သာ ငါရချင်တော့တဲ့အခါ
အေး......မအေလိုးကို မအေလိုးပဲ
ထာဝရ မအေလိုးပဲ မအေလိုး။
လာကြလေ
ဖာသည်မရဲ့ရင်သားတွေထဲ
လျှာတန်းလန်းနစ်မြုပ်နေတဲ့
အနှစ်အသားမဲ့မင်းရဲ့ဦးခေါင်းကိုမော်ပြီး
ဓမ္မကို ချရေးကြည့်ရင်
သွေးစက်တန်းလန်း ပန်းထွက်လာလိမ့်မယ်။
ဒီမှာ
အမြင်ကျယ်ပြီး အကျယ်မမြင်
နေစိမ့်သူ သူငယ်ချင်း......
ပန်းဝင်တော့မှ ဖျာခင်းမယ့် နှမ်းစေ့တွေ
မင့်းဘောင်းဘီအိတ်ထဲ ထည့်ထား
မတရားမှူဟာ မင့်းညီမအခန်းဝ
တံခါးလာခေါက်နေပြီဆိုတာ သိရဲ့လား
အေး......မအေလိုးကို မအေလိုးပဲ
ထာဝရ မအေလိုးပဲ မအေလိုး။
ကုန်လှောင်ရုံထဲက ကုန်စည်ကို
ဈေးမြှင့်ဖို့ကြိုးစားနေသလိုမျိုး
ငါတို့ရဲ့အမြင့်ပျံအိပ်မက်ထဲ သဲတစ်ပွင့်အဖြစ်
တိုင်းချစ်ပြည်ချစ်စိတ်ကလေး စိုက်ပျိုးကြည့်စမ်းပါ
အတူတူဆို ငါတို့နိုင်တယ်ဆိုတာ
တောမထွက်ခင် ဟောတွက်လိုက်တယ်။
ငါခင်ကြီးတပါး
ဒကာမရှိ ဆွမ်းမရှိ
ဒကာမရောက်တော့ တရားလည်း မထောက်နိုင်ဘူး
ငါ့ပြည်သူ ရင်ပူနေမှတော့
ငါ့ဆွမ်းလည်း ပူရတာပဲ
သိမ်ကျောင်းကန်ဘုရားလည်း လောင်မီးကျ
တို့ဘုရားလည်း ကျည်ခခဲ့ပြီမို့
ဖန်ဆွတ်ရေသင်္ကန်းအစား
သေနတ်ထမ်းပြီး ကြွခဲ့ပြီ
အေး......မအေလိုးကို မအေလိုးပဲ
ထာဝရ မအေလိုးပဲ မအေလိုး။
ဖိရင်ကြွ
ထိရင် ချ
ကြေးစည်မဆင့်ဘဲ နွေတရားနဲ့ ဓားဝင့်
ငါ့အဘိုး ငါ့အဘွား၊ ငါ့အဖေ ငါ့အမေ
ငါ့ညီ ငါ့သား၊ ငါ့နှမ ငါ့အမျိုး
ငါတို့မြေ ငါတို့အိမ်
ငါတို့ရေ ငါတို့မြစ်
ငါတို့မြို့ ငါတို့ရွာ
ငါတို့ကလွဲပြီး ဘယ်သူလာပြီး သွေးကြွေးဆပ်မှာလဲ။
တို့ခေတ်ရောက်မှ ရာဇဝင်မရိုင်းချင်တော့လို့
ရန်သူ့သွေးနဲ့ မျက်နှာသစ်လို့
စစ်ကို ဖွင့်ဖောက်ဖတ်ကြ
မိတ်ဆွေရှာရင်း မိစ္ဆာတွေ့
မိစ္ဆာကို စစ်ခင်းရင်း
မိတ်ဆွေကိုလည်း တွေ့ခဲ့ပြီ။
အရှေ့အရပ်၌ရှိသော အနန္တစကြဝဠာ
အနန္တသတ္တဝါတို့
မအေလိုးမပါ
ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ
ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ
အေး......မအေလိုးကိုတော့
ထာဝရ မအေလိုးပဲ မအေလိုး။ ။
(ခင်ကြီးတပါးသို့)
နေသွင်နိုင်း
၂၆၈၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar