လင်းလက်နွေဦး - ဒုက္ခသစ်ပင်
လင်းလက်နွေဦး
(မိုးမခ) ဩဂုတ် ၁၇၊ ၂၀၂၂
ဘုရားကတော့
လွတ်မြောက်ရေးတရားနဲ့
စိတ်ချလက်ချထားခဲ့ပြီ၊
ပုလ္လင်လုတဲ့
မာရ်နတ်ကတော့
သက်ဆိုးရှည်နေဆဲ။
အဝိဉာဏပျော်ရွှင်မှုကို
အောက်လုံးတွေနဲ့
မျှားမရ၊
ထ ကတဲ့ အရိုးစုဆိုတာ
လမ်းဘေးမျက်လှည့်ဝိုင်းမှာပဲ
ရှိတာကိုး။
သစ်ရွက်လေးတွေရေ...
လုံခြုံရဲ့လား
နေကောင်းရဲ့လား
စားပြီးပြီလား
မိုးလုံရဲ့လား
စောင်ခြင်ထောင်ပါရဲ့လား
တရွက်ခြွေရင်
သွေးပင်လယ်ဝေမယ့် သစ်ရွက်လေးတွေ
အမြစ်တွေမှာ
မေးခွန်းဖြာဝေနေဆဲ။
17. 8. 2022 , 11:38 am
အဝိဉာဏ= အသက်ကင်းမဲ့သော
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar