Breaking News

တာရို - ၂၀၂၂ ဩဂုတ်လ မြန်မာပြည်သူပြည်သားများအတွက် တားရော့အဟော




တာရို - ၂၀၂၂ ဩဂုတ်လ မြန်မာပြည်သူပြည်သားများအတွက် တားရော့အဟော

 (မိုးမခ) ဩဂုတ် ၆၊ ၂၀၂၂


၂၀၂၂ ဩဂုတ်လ မြန်မာပြည်တွင်း နေထိုင်သော မြန်မာပြည်သူပြည်သားများအတွက်ကိုသာ ရည်ရွယ်ပြီး တားရော့ကဒ်တွေ ချကြည့်ပါတယ်။ General Reading ဖြစ်လို့ သိပ်ကြီးလည်း Serious ယူစရာမလိုပါ။ ဒါ့အပြင် ရတနာသုံးပါး ကိုးကွယ်ဆည်းကပ်သော မြန်မာပြည်သူများရဲ့ ယုံကြည်မှုကြောင့် မကောင်းသော ကံများကလည်း ကောင်းသော ကံများအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ အပြန်အလှန်လည်း ဖြစ်နိုင်တာကြောင့် ဘုရား တရား မမေ့ကြပါနဲ့။ 

ဒီလအတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ကံကြမ္မာ ကံတရားကို  ပြောပြပေးလိုက်ပါတယ်။

မြန်မာပြည်သူပြည်သားများအားလုံးကို လွှမ်းမိုးနေတဲ့ ဩဂုတ်လအတွက် ကဒ်တွေ ချကြည့်ရာမှာ စိတ်ပိုင်းဆိုင်ရာခိုင်မာမှု ဘ၀ကို စိတ်စွမ်းအားဖြင့် တန်ပြန် တိုက်ခိုက်မှု စတဲ့ အင်အားများ များနေတာတွေ့ရပါတယ်။ ချစ်ခင်သူတွေ ဆုံးရှုံးထားရလို့ ၀မ်းနည်းပူဆွေးမှုတွေ လွှမ်းမိုးနေတယ်လို့ ဆိုလိုက်တော့ ဒါ မဆန်းပါဘူးလို့ မေးစရာဖြစ်နေလိမ့်မယ် ဆိုသော်လည်း အဲသည်လိုပဲ တွေ့တာကြောင့် တွေ့တဲ့အတိုင်း ပြောတာဖြစ်ပါတယ်။ ဘ၀မှာ တခုခု လိုနေတယ်ဆိုတဲ့ စိတ်ခံစားမှုတွေနဲ့ ရပ်တည်နေကြရတယ်လို့ ဆိုတယ်။ သို့သော် ဩဂုတ်လမှာ ကံကြမ္မာရဟတ်ဟာ တပတ်ပြန်လည်လာတတ်တယ်။ မမျှော်လင့်တဲ့ ငွေကြေးတွေ ၀င်လာတတ်တာမျိုး၊ ရုတ်တရက် ကံကောင်းလာတမျိုးတွေ မထင်မှတ်ဘဲ ကြုံကြရပြီး လက်ရှိအနေအထားကနေ ကိုယ့်သဘောနဲ့ကိုယ် ကောင်းတဲ့လမ်းကို လျှောက်ဖို့ ရွေးချယ်လိုက်တာမျိုးတွေ။ တာ၀န်ယူထားရတဲ့ အလုပ်တွေ ရှိနေရင်တောင် စွန့်ခွာဖို့ ဆုံးဖြတ်ပြီး လမ်းသစ်တခုကို လျှောက်ဖို့ စိတ်အားထက်သန်နေမိတာမျိုးတွေ ဖြစ်လာတတ်တယ်။ အရင်တုန်းက စိတ်ကူးနဲ့ မျှော်မှန်းထားတာမျိုးတွေအစား လက်တွေ့ကျတဲ့ အလုပ်တွေ လုပ်ဖို့ ဆုံးဖြတ်မိတတ်ကြတယ်။

အုပ်ချုပ်သူ လူတန်းစားတရပ်အပေါ်  ကြည့်မိတော့ သူတို့က ရှေ့ကလုပ်ရပ်တွေကနေ ရလာတဲ့ အသီးအပွင့်တွေကို စားသုံးဖို့ အဆင်သင့်ဖြစ်နေကြတယ်။ ဒါတွေက သူတို့နဲ့ ထိုက်တန်လို့ရလာတာ ဆိုတဲ့ ခံစားချက်တွေ ပြည့်နေကြတယ်။ ပြန်လည်သင့်မြတ်ဖို့တို့ ပေါင်းစည်းဖို့တို့ စတဲ့ စိတ်မျိုး လုံး၀မရှိတာကို‌ တွေ့ရတယ်။ သူတို့စိတ်ထဲ လက်စားချေတဲ့အလုပ်က သူတို့အလုပ်လို့ မြင်နေကြတယ်။ သူတို့စိတ်ပိုင်းဆိုင်ရာတခုလုံးဟာ ပြောရရင် စိတ်တ္တဇ ဝေဒနာ ခံစားနေကြသူတွေလိုပဲ ကိုယ် မှန်တယ်ချည်း ယုံကြည်နေကြတာမျိုးလို့ ဆိုတယ်။ သို့သော် ဖြစ်နိုင်လာနိုင်တဲ့ အ‌ခြေအနေတခုကို ထုတ်ပြရရင် အတိတ်က သူတို့လုပ်ရပ်ကို သူတို့ ပြန်ယူရလိမ့်မယ်။ သစ္စာဖောက်ခြင်းဆိုတဲ့စကားလုံးဟာ သူတို့အတွက် ဖြစ်လာလိမ့်မယ်။ တဖက်သားနဲ့ အမြင်ချင်းမတူတဲ့ လုပ်ရပ်တွေအတွက် သူတို့ ဩဂုတ်လမှာ ပြန်ခံစားရဖို့ရှိတယ်။ သူတို့ကို စောင့်ကြည့်နေတဲ့သူတွေ ရှိနေပြီး ယခုလဟာ ထူးထူးခြားခြား သူတို့ကံတရားဟာ သူတို့ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ လူတွေရဲ့ ကံတရားနဲ့ ဆန့်ကျင်နေပါတယ်။

ဖမ်းဆီးခံထားရသူတွေ စိတ်ပိုင်းဆိုင်ရာ တော်တော်လေး ကျဆင်းနေကြတယ်။ သို့သော် သတင်းဆိုးကိုပဲ မျှော်လင့်နေရာကနေ သတင်းကောင်းရတာမျိုး ဖြစ်လာတတ်တယ်။ ပြောင်းလဲမှု ကြုံရတတ်တယ်။ သူတို့ကံတရားဟာ အုပ်ချုပ်သူတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတာကြောင့် ပြောရခက်တဲ့ အ‌ခြေအနေမျိုး ဖြစ်လာတတ်တယ်။ ပြောရရင် သူတို့အတွက် သစ္စာရှိတဲ့ သူတွေနဲ့ ကြုံရတတ်ပြီး သူတို့အခက်အခဲကို ကူညီ ဖြေရှင်းပေးတဲ့သူတွေနဲ့ တွေ့လာရတတ်တာကြောင့် အဆိုးကြီး မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။

၁၂ လရာသီခွင်အတွက် ကံတရားဖြစ်ပါတယ်။ ဒီတလဟာ အရေးကြီးတဲ့ လတစ်လအဖြစ် မြင်မိတာကြောင့် ကဒ်တွေ သေချာချကြည့်ပြီး ရေးပေးလိုက်ပါတယ်။ ဒါ့အပြင် အားလုံးကို လွှမ်းမိုးနေတဲ့အရာတစ်ခုကို ထုတ်ပြရရင် ကြုံနေရတဲ့ ကိစ္စတွေအလုံးစုံဟာ အဆုံးသတ်သွားတာမျိုး၊ ပြီးစီးသွားတာမျိုး၊ လုံး၀ကို ပြန်စ စရာမလိုလောက်အောင် ချုပ်ငြိမ်းသွားတာမျိုးတွေ တွေ့နေရပါတယ်။ ဒါ့အပြင် အလုပ်အသစ်တစ်ခုကို စတင်မိတာ အဟောင်းတွေကို လုံး၀လှည့်မကြည့်တော့တာ စိတ်ပိုင်းဆိုင်ရာမှာ စိတ်သစ် လူသစ် ဖြစ်လာတာမျိုးတွေ ဖြစ်ပေါ်လာပါက အရမ်းကို ကောင်းတဲ့ အတိတ်နိမိတ်တွေလို့ ခံစားခံယူလိုက်ပါတော့လို့ ပြောလိုက်ပါရစေ။ အောက်က ရေးပေးထားသော ကိုယ်နဲ့ ကိုက်တဲ့ အချက်အလက်များကိုသာ ရယူပြီး မကိုက်တာတွေကို ဖယ်လိုက်ပါ တူအောင် လိုက်ညှိတာမျိုးတွေကိုလည်း မလုပ်ပါနဲ့။  တားရော့သဘောတရားအတိုင်း ပြောတာဖြစ်ပါတယ်။ 

Aries ( ၂၁ မတ် - ၁၉ ဧပြီ)

မကျေနပ်စရာတွေ များနေတယ်။ အတိတ်က ကိုယ် ရွေးချယ်ခဲ့တဲ့ အရာတွေကို စိတ်တိုင်းမကျဖြစ်နေတာမျိုး၊ ကိုယ့်ကို ပေးနေတဲ့အရာတွေ ကိုယ် ရရှိနေတဲ့အရာတွေကို အလိုမရှိတာမျိူးတွေ စိတ်ပိုင်းဆိုင်ရာမှာ ခံစားနေရတတ်ယ်။ ရွေးချယ်မူ မမှားအောင် ဂရုစိုက်ဖို့လိုတယ်။ ရရှိတာထက် ပေးနေရတာ များနေတယ်။ ကိုယ် ကြိုးစားခဲ့ရတာတွေများသလောကျ ပြန်ရဖို့အခွင့်အလမ်း ရလာတတ်။ စစချင်းမှာ စွမ်းအားကြီးကြီးနဲ့ လုပ်ခဲ့တာတွေရဲ့ ရလဒ်ကို ရလာဖို့ အချိန်စောင့်ရမယ်။ ကိုယ့်ရဲ့ အမူအကျင့်တွေကို ပြင်ဖို့ လိုအပ်လာပါက ပြင်လိုက်ပါ။ အဖော်မိတ်ဆွေကောင်း ရလာတတ်ပါတယ်။

Taurus ( ၂၀ ဧပြီ - ၂၀ မေ)

အကောင်းနဲ့အဆိုး ဒွန်တွဲနေတတ်ယ်။ ကောင်းသတင်းတွေ ကြားနေရာက စိတ်ညစ်စရာသတင်းမျိုးက ၀င်နှောင့်နေတာမျိုး၊ ကောင်းတဲ့ရလဒ် ရလာရာကနေ မကောင်းတဲ့ အဖြေထွက်လာရလို့ စိတ်ဆင်းရဲရတာမျိုးတွေ ဖြစ်နေတတ်ယ်။ ဒါပေမဲ့ ကိုယ့်ကို မထိခိုက်အောင်နေတတ်ရင် အဆင်ပြေပြေ ကျော်လွှားနိုင်ပါလိမ့်မယ်။ အလုပ်အသစ်ရတာ၊ မိတ်ဆွေအသစ်တွေ့တာ၊ ကူညီမစမယ့်သူ ရလာတာ အခုလမှာ ထူးထူးခြားခြား ကြုံလာရတတ်တယ်။ အလွယ်တကူ စိတ်ညစ်တတ်တာပြင်ဖို့ လိုတယ်။ သေချာ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်လိုက်ရင် အဆိုးဆိုတာ ကိုယ်က အဆိုးလို့ လက်ခံနေလို့ဆိုတာ မြင်လာတတ်တယ်။ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် ချရတတ်ပါတယ်။

Gemini (၂၁ မေ - ၂၀ ဇွန်)

ခရီးသစ်တစ်ခု ထွက်ရတတ်ယ်။ ဒါမှမဟုတ်ရင် စိတ်နဲ့ကိုယ် ချမ်းသာဖို့ဆိုပြီး အတိတ်က လုပ်ရပ်တွေကို ဖယ်ခွာ လွှတ်ပစ်လိုက်ပြီး အသစ်တခုကို စလုပ်ဖို့ ဆုံးဖြတ်ချက်ချလာရတတ်တယ်။ အဲသည်လို လုပ်လိုက်တာနဲ့ စိတ်ချမ်းသာပြီး ဘ၀အသစ်တခုထဲ ရောက်သွားသလို ခံစားလာတတ်တယ်။ ငွေရေးကြေးရေး အဆင်ပြေလာတတ်ယ်။ အတိတ်က ၀န်ထုပ်ဝန်ပိုးတွေကို လွှတ်ချလိုက်နိုင်ရင်တော့ အကောင်းဆုံး ဖြစ်တယ်။ ကျန်းမာရေး၊ အိမ်တွင်းရေး၊ မိသားစုရေး ကံကောင်းတတ်ပါတယ်။

Cancer ( ၂၁ ဇွန် - ၂၂ ဇူလိုင်)

အောင်မြင်မှုတွေ ရလာတဲ့လလို့ ဆိုနိုင်ပါတယ်။ ကိုယ် လုပ်ချင်တာတွေ လုပ်ပြီး ကျေနပ်နေရတတ်တယ်။ သင့်အတွက် သတင်းကောင်းတွေက ကြိုနေလိမ့်မယ်။ ကံတရားက သင့်ကို မျက်နှာသာပေးလာလို့ စိတ်ချမ်းသာရတတ်တယ်။ ခက်တာက ကိုယ်ရလာတာတွေကို သင်က မကျေနပ်သေးပဲ ဒီထက် ပိုလိုချင်နေတတ်ယ်။ ဒါမှမဟုတ် ကိုယ် လိုချင်တာ ဒါမဟုတ်ဘူး တခြားဟာဆိုပြီး ဖြစ်နေတတ်တယ်။ သင့်ပေါ်တင်နေတဲ့ ဝန်ထုပ်ဝန်ပိုးတွေကြောင့် စိတ်ညစ်နေရတယ်ဆိုလည်း အဲဒါ ခဏပါလို့ ဆိုလိုက်ပါရစေ။

Leo (၂၃ ဇူလိုင်- ၂၂ ဩဂုတ်)

အလှူအတန်းပေးရတတ်တယ်။ ရာထူးတိုးတာတို့၊ အလုပ်ခန့်တာတို့ ကြုံရတတ်တယ်။ ငွေရေးကြေးရေး အဆင်‌ပြေလာတာ ငွေ၀င်လာတာမျိုး ဖြစ်တတ်တယ်။ ကိုယ်တောင်းလာတဲ့ဆုတွေလည်း ပြည့်လာတတ်တယ်။ မမျှော်လင့်တဲ့ ကံကောင်းတာမျိုးတွေ ဆက်တိုက်ကြုံလာရတဲ့အခါ သူတပါးကို ဝေငှတာမျိုး ကိုယ့်ပျော်ရွင်မှုတွေကို မျှဝေခံစားတာမျိူး။ အလှူလေးဖြစ်ဖြစ် ပြုလိုက်တာမျိုးလေးတွေ လုပ်ပေးပါ။ ကိုယ့်အိမ်ရှေ့ငှက်ကလေးတွေ အစာကျွေးတာမျိုးတို့ကို ဘာပဲဖြစ်ဖြစ် ကောင်းမှုလေးတွေ လုပ်ပေးပါ။ 

Virgo (၂၃ ဩဂုတ် - ၂၂ စက်တင်ဘာ)

သတင်းကောင်းတခု ရလာတတ်တယ်။ ရှေ့ကို ခရီးဆက်ဖို့ ဖြစ်လာတတ်တယ်။ ဘ၀အသစ်တခုကို စတင်ဖို့ အဟောင်းတွေကို ပစ်ပယ်လိုက်ရတာမျိုး ဖြစ်တတ်တယ်။ ကိုယ် မမျှော်လင့်ထားတဲ့ ‌ခြေလှမ်းအသစ်ကို ကိုယ်တိုင်ကိုယ်ကျ လှမ်းရတတ်တယ်။ ရွေးချယ်စရာ တစ်ခုမက ကြုံလာရတတ်တယ်။ ကိုယ့်မှာ သူများနဲ့မတူတဲ့ အရည်အချင်းတွေ ရှိနေတာကြောင့် စိတ်ပိုင်းဖြတ်ပြီး လုပ်စရာရှိတာ လုပ်ပါ။ အလုပ်ကတော့ တကယ်များလာတတ်တယ်။ စကတည်းက လုပ်နိုင်မယ်ဆိုပီး လုပ်ပါ၊ မလုပ်နိုင်ဘူးထင်ရင် အများနဲ့တိုင်ပင် ဆုံးဖြတ်ပါက အကြံကောင်းတွေ ရလာတတ်ပါတယ်။ 

Libra (၂၃ စက်တင်ဘာ - ၂၂ အောက်တိုဘာ)

ရုပ်၀တ္ထု ပစည်းတွေနဲ့ ပတ်သက်လို့ ဆုတောင်းပြည့်လာတဲ့ လလို့ ဆိုနိုင်ပါတယ်။ ကိုယ် လိုချင်တာတွေ ရလာတတ်ပါတယ်။ ကောင်းတဲ့ဘက်ကို ပြောင်းလာဖို့ရှိတယ်။ ကျန်းမာရေးကောင်းလာတာ၊ အလုပ်အဆင်ပြေတာမျိုးတွေ ဖြစ်လာတတ်တယ်။ ဒါပေမဲ့ ကိုယ်က သိပ်ကို ရည်မှန်းချက်ကြီးပြီး အရမ်းမျှော်လင့်ထားရင် သတိထားပါ။ ကိုယ့်စိတ်တိုင်းကျ ဖြစ်မလာတတ်တဲ့အတွက် ကြိုတင် ပြင်ဆင်ထားပါ။ PLAN B ကို စကတည်းက စဉ်းစားထားတာမျိုးကို လုပ်ထားပါက သင့်အတွက် အဆင်ပြေတတ်ပါတယ်။

Scorpio (၂၃ အောက်တိုဘာ - ၂၁ နို၀င်ဘာ)

အပေါ်ယံပဲ ကြည့်ပြီး ဆုံးဖြတ်တာမျိုးကို မလုပ်ပါနဲ့။ ပြောင်းလဲမှုတွေ ကြုံလာရတော့မယ်။ ကောင်းတာတွေ ဖြစ်လာဖို့များတယ်။ ကိုယ်နဲ့ သင့်လျော်တဲ့ အဖော်တွေ အပေါင်းအသင်းတွေ ရလာတတ်တယ်။ ကိုယ် မထင်မှတ်တဲ့သူဆီက လက်ဆောင်ရလာတတ်တယ်။ ပျော်စရာကောင်းတဲ့လမ်းတခုကို လျှောက်ရတတ်တယ်။ အဆင်ပြေလာတဲ့ လတလ ဖြစ်လို့ အစစအရာရာ ကောာင်းတာတွေ တွေးပြီးတော့သာ စိတ်ဆုံးဖြတ် လုပ်ကိုင်ပါ။

Sagittarius (၂၂ နို၀င်ဘာ - ၂၁ ဒီဇင်ဘာ)

အတိတ်က အသီးအပွင့်တွေကို သင်ခံစားရပါလိမ့်မယ်။ အစစအရာရာ ပြည့်စုံလာတတ်ပါတယ်။ သင်ဟာ လက်ရှိအလုပ်ကို စိတ်မပါတော့ဘူးဆိုပါက လုပ်ငန်းသစ်တခုအတွက် အဟောင်းကို ထားပစ်လိုက်တာမျိုး လုပ်မိတတ်ပါတယ်။ အပြိုင်အဆိုင်တွေရှိလာရင် သင် အောင်နိုင်ဖို့ များပါတယ်။ ထူးထူးဆန်းဆန်း သင့်အတွက် ပျော်စရာပွဲလေးတွေ ဆင်နွှဲရတတ်ပါတယ်။ ဒါမှမဟုတ်လည်း သင် ချစ်ခင်တဲ့သူတွေနဲ့ အတူ တွေ့ဆုံပြီး စိတ်ချမ်းသာရတတ်ပါတယ်။ 

Capricorn (၂၂ ဒီဇင်ဘာ - ၁၉ ဇန်န၀ါရီ)

မကြုံဖူးတဲ့ အတွေ့အကြုံမျိုး ကြုံရတတ်တယ်။ အဲသည်အတွက် သင် စိတ်လေးလံပင်ပန်းရတတ်တယ်။ လုပ်ငန်းသစ်တစ်ခုကို စတင်ဖို့ ဆုံးဖြတ်ရတတ်တယ် ဒါမှမဟုတ် မိတ်ဆွေသစ်တွေနဲ့ လက်တွဲလုပ်ရဖို့ ကြုံလာရတတ်တယ်။ သင် မကြောက်ပါနဲ့၊ သင်ဟာ အရာရာကို လုပ်နိုင်တဲ့အရည်အချင်းရှီပြီးသားဆိုတာ မမေ့ပါနဲ့။ ရွေးချယ်ရဖို့ ကြုံလာရတဲ့အခါ သတ်တိရှိရှိသာ ရွေးချယ်လုပ်ကိုင်ပါ။ 

Aquarius (၂၀ ဇန်န၀ါရီ - ၁၈ ဖေဖော်၀ါရီ)

သင်ဟာ တစ်ခုခုကိုတော့ ဖွင့်ပြောဖို့ ၀န်ခံဖို့ လိုအပ်နေပြီလို့ဆိုတယ်။ သင့်ဘ၀တလျှောက်မှာ ဆက်ပြီး လမ်းဆက်လျှောက်သွားဖို့ဆိုရင် သင့်အတွက် တစုံတရာကိုတော့ ဖွင့်ဟရတော့မယ်တဲ့။ ဒါဆိုရင် သင့်အတွက် နွေးထွေးတဲ့ လက်တစုံ အောင်မြင်တဲ့အသီးအပွင့်ဟာ လက်တကမ်းမှာပါလို့ ဆိုထားပါတယ်။ သင့်အတွက် ဒီလဟာ ခိုင်မာတဲ့ လမ်းကြောင်းပေါ်ရောက်လာသလို သင့်ဘ၀အတွက် စိတ်ချရတဲ့ ခရီးတစ်ခုကို လျှောက်ရပါတော့မယ်။ အရေးအကြီးဆုံးကတော့ သင့်ကို ချစ်ခင်တဲ့သူတွေအပေါ်  ရိုးရိုးသားသား ဆက်ဆံပေးပါ။ သင့်ဘ၀အတွက် အရေးတကြီးဆုံးဖြတ်ချက်တွေကို ချရတဲ့အခါ ယုံကြည်မှုရှိရှိ ချနိုင်ဖို့ ဘာသာရေးကို များများလုပ်ပေးပါ။

Pisces (၁၉ ဖေဖော်၀ါရီ - ၂၀ မတ်)

ပြည့်စုံတဲ့ဘ၀ကို ရရှိမယ်။ ငွေရေးကြေးရေး ပြေလည်လာမယ်။ တနေရာရာမှာ ရင်းနှီးမြုပ်နှံတာမျိူး လုပ်ရတတ်တယ်။ ဒါပေမယ့် ကိုယ့်အပေါ် မရိုးမသား လုပ်တာမျိူး ကြုံရတတ််တယ် သတိထားပါ။ အခုအခါ အဲသလို ကြုံပီးပီဆိုရင်တော့ ထက်ကြုံရဖို့မရှိပါဘူး။ မကြုံရသေးရင် သတိနဲ့ ဆက်လျောက်ရုံပဲရှိပါတယ်။ ကိုယ့်ကို မထိခိုက်တဲ့အတွက် စိုးရိမ်စရာမလိုပါ။ ကိစတစ်ခု ပီးမြောက်တာမျိူး ရှိတတ်တယ်။ အောင်မြင်တဲ့လမ်းကို လျောက်ရတတ်တယ်။ စိတ်အေးဆေးတည်ငြိမ်နေတတ်တယ်။ စိတ်ညစ်တာမျိုး ကြုံလာရရင် ခနလို့ပဲ မှတ်လိုက်ပါ။

တာရို



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar