သီအိုဇော် - ဆန်ရေ

သီအိုဇော် - ဆန်ရေ
(မိုးမခ) ဩဂုတ် ၂၈၊ ၂၀၂၂
တစ်ကားတည်းပေမယ့်
နှလုံးသားနံရံများပေါ်မှာ
မြတ်နိုးစွာချိတ်ဆွဲထားခွင့်
ငါတို့အားလုံးရရှိခဲ့တယ်။
အဘိုးရဲ့သွေး
အမေမွေးတဲ့သားပဲ
သူလည်းဒီနိုင်ငံကို ချစ်တာပေါ့
ဒါဟာ
အကြိမ်ကြိမ်လာခွင့်မရလည်း
အခါခါစိတ်ထဲကရောက်မိတဲ့
ရှေးရိုးစွဲနိုင်ငံတခုအတွက်
သူပေးလိုက်တဲ့ လက်ဆောင်။
ဒီမှာ
အသေအချာ နားစွင့်ထောင်ကြည့်စမ်း
နံရံလေးဘက်ကြားက ပန်းတပွင့်ကို
ထုဆစ်ရင်းနဲ့
ညင်သာစွာ ပြောလိုက်တဲ့စကား
(မေမေ့မွေးနေ့တုန်းကလို)
ကျွန်တော်မပီတပီပြောရင်
မေမေရီချင်နေမလား
ကြားကြား မကြားကြား
ထပ်ပြောခွင့် သားကိုပေးပါ
‘မေမေကျန်းမာပါစေ’
‘မေမေကျန်းမာပါစေ’
‘မေမေကျန်းမာပါစေ’တဲ့
ကားချပ်ဆီက ပဲ့တင်မြည်သံ။
တကယ်တော့လည်းလေ
ဒါဟာသာမန် သစ်ထွင်းပန်ချီကားချပ်မဟုတ်
ချစ်ခြင်းတရားအစီအရီနဲ့
ကြည်ဖြူစွာပေးဆပ်သူများအတွက်
ကျေနပ်စွာပေးဆပ်ကြသူများရဲ့
မေတ္တာပြယုဂ်။
သီအိုဇော်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
နှလုံးသားနံရံများပေါ်မှာ
မြတ်နိုးစွာချိတ်ဆွဲထားခွင့်
ငါတို့အားလုံးရရှိခဲ့တယ်။
အဘိုးရဲ့သွေး
အမေမွေးတဲ့သားပဲ
သူလည်းဒီနိုင်ငံကို ချစ်တာပေါ့
ဒါဟာ
အကြိမ်ကြိမ်လာခွင့်မရလည်း
အခါခါစိတ်ထဲကရောက်မိတဲ့
ရှေးရိုးစွဲနိုင်ငံတခုအတွက်
သူပေးလိုက်တဲ့ လက်ဆောင်။
ဒီမှာ
အသေအချာ နားစွင့်ထောင်ကြည့်စမ်း
နံရံလေးဘက်ကြားက ပန်းတပွင့်ကို
ထုဆစ်ရင်းနဲ့
ညင်သာစွာ ပြောလိုက်တဲ့စကား
(မေမေ့မွေးနေ့တုန်းကလို)
ကျွန်တော်မပီတပီပြောရင်
မေမေရီချင်နေမလား
ကြားကြား မကြားကြား
ထပ်ပြောခွင့် သားကိုပေးပါ
‘မေမေကျန်းမာပါစေ’
‘မေမေကျန်းမာပါစေ’
‘မေမေကျန်းမာပါစေ’တဲ့
ကားချပ်ဆီက ပဲ့တင်မြည်သံ။
တကယ်တော့လည်းလေ
ဒါဟာသာမန် သစ်ထွင်းပန်ချီကားချပ်မဟုတ်
ချစ်ခြင်းတရားအစီအရီနဲ့
ကြည်ဖြူစွာပေးဆပ်သူများအတွက်
ကျေနပ်စွာပေးဆပ်ကြသူများရဲ့
မေတ္တာပြယုဂ်။
သီအိုဇော်
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar