Breaking News

ခန့်ဝါငြိမ်း - နေညိုညိုပလွေအိုအိုတေးသံ

နေညိုညိုပလွေအိုအိုတေးသံ
ခန့်ဝါငြိမ်း
(မိုးမခ) ဩဂုတ် ၂၊ ၂၀၂၂

အကုန်လုံးထွက်ပြေးသွားကြတော့
ရွာခွံလေးသာကျန်ရစ်ခဲ့။

အိမ်နဲ့အဘိုးနဲ့အအိုပြိုင်တာ
အဘိုးနိုင်တယ်ဆိုတဲ့ပုံပြင်လေး
ရှိရာနေရာကလွဲလို့။

အဘိုးက
သင်္ချိုင်းကိုခြေတဖက်လှမ်းနေပါပြီ
ကျန်တဲ့ခြေတစ်ဖက်မလှမ်းနိုင်သေးတာ
လေဖြတ်ထားလို့ဆိုတဲ့ဟာသလေး
ရှိရာနေရာကလွဲလို့။

အဘိုးမှာ
လက်နက်ဆိုလို့
အိုနေတဲ့တောင်ဝှေးလေး
တချောင်းပဲရှိတာပါ။

ဘာပစ္စည်းလေးနဲ့
လာကန်တော့တာဖြစ်ဖြစ်
ဆုတွေအများကြီးပေးတတ်တဲ့
အဘိုးဟာ
သွေးအိုင်ထဲမှာ
အားတင်းပြီးဆုတွေပေးနေရှာတယ်
ကျည်ဆံနဲ့လာကန်တော့သူတွေကို။    ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar