တပ်ဦးလ - မစ္စနိုလင်းဟေဇာ
တပ်ဦးလ
(မိုးမခ)ဩဂုတ် ၂၉၊ ၂၀၂၂
ဖုန်းကို စစ်ဆေးတော့
ဖိနပ်က မှန်ကွာနေတယ်
အထာနဲ့
လေတချက်ချွန်ပြတယ်
ခုတလော အမေးအမြန်းထူမည်ဖြစ်ကြောင်း
ပင်လယ်ဟာ ဘီကီနီဝတ်စုံနဲ့ တပြင်လုံးစိမ်းနေကြောင်း
ပြည်မကြီးအထိအရောက်သွားမယ့် ရင်သားလှလှထဲက
ဓာတ်ငွေ့ ထွားထွားတွေအကြောင်း
အစီအစဉ်အရ
လမ်းက သူဟာလမ်းဖြစ်ကြောင်း
စီးကရက်ဖွာရင်း လမ်းလွှဲစကားဆိုတယ်
တချို့လုမှရတယ် နိုလင်းဟေဇာ
တချို့ ခိုးမှရတယ် နိုလင်းဟေဇာ
တချို့ နှိုက်မှရတယ်
တချို့ တိုက်မှရတယ်
မင်း ဒီတော်လှန်ရေးကိုစိတ်ကုန်လာပြီဆိုရင် ငါ့ကိုပြောပါ
ဘာကြောင့်လဲ
ဒီ့ထက်ပိုကောင်းတဲ့တော်လှန်ရေးမျိုး ငါ့မှာရှိလို့ပေါ့
လိပ်တွေ ကုန်းပေါ်တက်လာပြီ
ခုတင်ပေါ်မှာ ကူးနေတဲ့ ငါးလေး
ခုထိ အိပ်ရာမထသေး
မနက်ခင်းသတင်းကို သံဆူးကြိုးတွေနဲ့ ကာထားလိုက်ပါ
မစ္စနိုလင်းဟေဇာ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar