Breaking News

မာလာ​မေ - ဖိနပ်တရံရဲ့အသံ

ဖိနပ်တရံရဲ့အသံ
မာလာ​မေ
(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၂၂

"​ခေတ်ဆိုး​ခေတ်ကျပ်ကြီးထဲ
ကျမက မျက်နှာမွဲပါ
​စျေး​ဗန်း​ခေါင်း​ပေါ်တင်ထားရတဲ့
ကျမ​နောက်ကို ကုန်​စျေးနှုန်း​တွေက
ထက်ကြပ်မကွာ လိုက်လာတယ်
အ​ကြွေး​တွေလည်း လည်ပင်း​ကျော်လာ
ကျမ တင်းမခံနိုင်​တော့ဘူး
မွန်းကျပ်လှပြီ
​ရေမွန်းရင်မွန်းပါ​စေ​တော့
လူမမယ်သမီး​လေးလက်ကို ဆွဲကာ
ကျမ ....."

"အ​ထွေ​ထွေဒုက္ခ​တွေကြားထဲမှာ
​ခွေးတစ်​ကောင် ​ချောင်ပိတ်ရိုက်ခံရသလို
ဘဝမျိုးဖြစ်​နေပါပြီ
လမ်းသွားရင်လည်း ဖုန်းစစ်
ညကျရင်လည်း ဧည့်စစ်
ကျ​နော်က ၅ မျဥ်း​စောင်း​လေ
ကုမ္ပဏီက အလုပ်လည်း ပြုတ်
ပြန်စရာရွာလည်း ပျက်ပြီ"

"ကျ​နော်က ယဥ်​ကျေးပြီး 
ဘာသာတရားကိုင်းရှိုင်းတဲ့သူတစ်​ယောက်ပါ
ဟုတ်တာ မဟုတ်တာ အသာထား
အဖန်ငါးရာငါးကမ္ဘာဆိုတာ​တွေလည်း
​တွေးမ​နေအားတော့ပါဘူး
ကျ​နော် လွတ်​မြောက်ဖို့
နိစ္စဓူဝဒုက္ခ​တွေက တွန်းပို့​​​နေလို့
အခု ကျ​နော့်ဘဝ ​အေးမြ​သွားပါပြီ"

ပိုင်ရှင်မဲ့သွားတဲ့ 
ဖိနပ်တရံကို ရိုက်စစ်ရင်
အဲသလို စကားလုံး​တွေပဲ
ထွက်ကျလာမှာပါ။

၃၀ - ၈ -၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar