Breaking News

နှင်းခါးမိုး - လမ်းမပေါ်က လူတန်းကြီးတွေ

လမ်းမပေါ်က လူတန်းကြီးတွေ
နှင်းခါးမိုး
(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၂၂

နေပူချင်လည်းပူ
မိုးရွာချင်လည်းရွာ၊
အလံမပါ
လက်ကိုင်ဆိုင်းဘုတ်မပါ
ကြွေးကြော်သံမပါ
တိတ်ဆိတ်စွာ
စိုးထိတ်စွာ
မျှော်လင့်ခြင်းကြီးစွာ၊
ဆီတပုလင်း
ထမင်းတထုပ်နဲ့
မိုးချုပ်ခဲ့တဲ့ကမ္ဘာ၊
အချစ်ဆိုတာအပြာကား
ခေတ်ဆိုတာ ဒါလား။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar