Breaking News

မင်းငြိမ်းအေး - ဒီဘဝ၊ ဒီကဗျာ

ဒီဘဝ၊ ဒီကဗျာ
မင်းငြိမ်းအေး 
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၂၂

ခြံထဲ
ကြယ်တအုပ်ကိုမောင်းသွင်းထားတယ်
ငြိမ်းချမ်းရေးအတွက်
ခိုတကောင်ပုံဆွဲတယ်
လူနာစောင့်က
သစ်ရွက်တရွက်
ကဗျာဖျက်တဲ့လက်နက်မပေါ်သေးဘူး
ဒီပါးနှစ်ဖက်အတွက်
မျက်ရည်ဖျက်တဲ့စက်လည်းမရှိသေးဘူး
မချစ်ခင်
မခွဲကြပါစေနဲ့
မဝေးခင်
မချစ်ကြပါစေနဲ့ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar