Breaking News

သော်မိုးသစ် - ရက်စက်မှုက သရဖူဆောင်းထားတယ်



ရက်စက်မှုက သရဖူဆောင်းထားတယ်
သော်မိုးသစ်
(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၂၂

အခုတလောက
ရက်စက်မှုဟာ သရဖူဆောင်းတယ်ဆိုတာမျိုး... 

မိုးပေါ်ကနေ 
မိုးစက်မိုးပေါက်တွေ မ​ကျဲပက်ပေးဘူး
အဲဒီအစား...
ကျည်မိုးတွေရွာကျတယ် 

လေထဲကနေ
အောက်စီဂျင်သန့်သန့်မရှုရှိုက်ရဘူး
အဲဒီအစား
ယမ်းနံ့နဲ့ သွေးညှီနံပဲလာတော့တယ်... 

ကျောင်းမှာသင်ဖူးတဲ့
သင်ပုန်းကြီးထဲမှာတော့
'က' ကြီးကလေးငယ်ချစ်စဖွယ်...လို့ဆိုတယ်
ခု​တော့
'က' ကြီးကို ကျည်ဆန်အဖြစ် 
စာလုံးပြန်ပေါင်းကြရတော့မယ်... 

စက္ခုဝိညာဏ်ပျောက်ဆုံးသွားရှာတဲ့ ကမ္ဘာကြီး... 
သောတဝိညာဏ်ပျောက်ဆုံးသွားတဲ့ ကမ္ဘာကြီး... 

အခုတလောဟာ
ရက်စက်မှု သရဖူဆောင်းတယ်ဆိုတာမျိုးပဲ...
'ဗ' ဗလကြီးက ဆင်ပြောင်ကို မစီးတော့ဘူး...
'ဗ' ဗုံးဆံသာ တည့်တည့်မှန်သွားခဲ့ပြီ။ ။ 
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar