Breaking News

ဆက်ဝေမိုး - နံရံပေါ်မှာ ဘာမှချိတ်မထားတဲ့တခုခု


ဆက်ဝေမိုး - နံရံပေါ်မှာ ဘာမှချိတ်မထားတဲ့တခုခု

(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၂၂


နောက်ဆုံးတော့

အထီးကျန်မှုကပဲ

အဖော်ကောင်း ဖြစ်နေသလိုမျိုးပေါ့။

အခုမှ စတာပါ

သေခြင်းတရားက ပစ်မှတ် ဖြစ်နေပြန်တယ်။

ကိုယ့်နားထင် ကိုယ် ပြန်ချိန်ထားတဲ့ သစ္စာတရားနဲ့ပဲ

အနာဂတ်ကို တည့်တည့်ပစ်ချလိုက်တယ်။

မလွဲဘူး

သေချာပါတယ်

အဲဒါ…ငါ့အသက်ရှူသံ။  ။

ဆက်ဝေမိုး

၂.၉.၂၀၂၂



t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar