Breaking News

ကိုအောင်မှိုင်း - အညာသူ


ကိုအောင်မှိုင်း - အညာသူ

(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၂၂


တိုက်ပွဲပြင်းပြင်း

နေအစင်းတရာ

ပွင့်စမ်းပါစေ အချစ်ဟာနွေ။


တံလျှပ်ထနွေ

အညာမြေမှာ

ပန်းတွေလည်းကြွေ သွေးတွေနဲ့ဝေ။

အညာမူထ

သမိုင်းလှကြ

သူ့ကျွန်မခံ တွန်းလှန်တဲ့မြေ။


ပွင့်ကြွေတွေတွက်

ပွင့်ဝေတွေက အညာတေးသီ

ပြည်သစ်ဆီကို စစ်ချီခဲ့ညီ။

ခက်ခဲကြမ်းတမ်း စစ်တက်လမ်း

တဗိုလ်ကျ တဗိုလ်တက်

သမိုင်းဆက်ခဲ့ အညာသမိုင်း

မုန်တိုင်းထန်ဆဲ ပန်းပန်ဆဲ။


ခေါင်းငုံ့ခံစကား

အညာသား မသိ

မတရားရင် ခုခံမယ်

ဓမ္မတရားကို ကာကွယ်မယ်

သွေးကြွေးကို သွေးနဲ့ဆပ်မယ်။


ဥဒါန်းတွင်မယ့် အညာတေး

ပေးဆပ်ခဲ့တဲ့ အညာသွေး။

ဖိုး ဖွားတွေတွက်

လက်တုံ့ပြန်မယ်။

ဖေမေတွေတွက်

လက်တုံ့ပြန်မယ်။

မောင်နှမတွေတွက်

လက်တုံ့ပြန်မယ်။

သားသမီးတွေတွက်

လက်တုံ့ပြန်မယ်။

ကလေးတွေတွက်

လက်တုံ့ပြန်မယ်။

သွေးကြွေးဆိုတာ

အညာသားတွက်

ကိုဓဥပဒေရဲ့ စည်းတခု။

ပါးကွက်ကြားနဲ့

သေနတ်လွယ်ထား

အညာတလွှားက

သက်ထားချစ်သူ

မွေးရပ်မြေက အညာသူ။

တိုက်မောင်းသံကြား

အောင်ပွဲခံသူ ပြည့်ချစ်သူ

ဂုဏ်ယူချင်စမ်းပါဘိ အညာသူ။


ကိုအောင်မှိုင်း




t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar