Breaking News

ခန့်ဝါငြိမ်း - ပိန်းပိတ်လို့​မှောင်

ပိန်းပိတ်လို့​မှောင်
ခန့်ဝါငြိမ်း
(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၂၂

အဲဒါ
​သွေးကွက်​တွေမဟုတ်ဘူး
အ​မှောင်ကိုအန်တုခဲ့တဲ့
ဖ​ယောင်းတိုင်နီ​လေး​တွေ
အရည်​ပျော်ကျထားတာ။

အ​မှောင်နက်နက်​နေ့​တွေထဲမှာ
လင်း​နေတဲ့​နှလုံးသား​တွေတွေ့ရတယ်
ဆက်​တောင့်ထား
အလင်း​ဖွေး​ဖွေး​နေ့​တွေထဲမှာ
မှောင်​နေတဲ့နှလုံးသား​တွေတွေ့ရ​တော့မယ်။

နိုင်ငံပုပ်​စော်နံ​နေတာဟာ
​သေပြီးသားလူ​တွေ​ဆီကလား
မဟုတ်ဘူး
မ​သေ​သေးတဲ့လူ​တွေ​ဆီက။

အို...
သူရဲ​ကောင်းအ​ပေါင်းတို့
သင်တို့ဟာ
အစိမ်း​သေ​တွေမဟုတ်ဘူး
အကျက်​သေ​တွေ
သင်တို့တဘဝလုံးကိုကျက်​အောင်ချက်ပြီး
နိုင်ငံနဲ့ပြည်သူကို​ကျွေး​မွေးခဲ့သူ​တွေ။

​ရောင်နီဆိုတာလာစမြဲမို့လား
မိုးစင်စင်လင်းမှ
အတူအိပ်လို့အတူအိပ်မက်ကြမယ်
အခု​တော့
တူမီးကိုင်သူကိုင်ကြ
ဂါထာရွတ်သူရွတ်ကြ
မအလ မအလ။    ။
         -                

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar