နိုင်မွန်အောင်သွင် - အစည်းအဝေး
အစည်းအဝေး
နိုင်မွန်အောင်သွင်
(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၂၂
အစည်းအဝေးခန်းထဲ
စက်ရုပ်တွေပဲ ဝင်သွားကြ။
မတ်တတ်ရပ်ကြ။
ထိုင်ကြ။
စာရွက်ဖြူပေါ် ခြစ်ကြ ဖျက်ကြ။
မီးလင်းနေတဲ့ခေါင်းတွေနဲ့
စပရိန်တပ်ထားသလို
တဆတ်ဆတ်ညိတ်ကြ။
ပရိုဂရမ်သွင်းထားတဲ့အတိုင်း
လှိုင်းထသလို လက်ခုပ်တီးကြ။
ပေါင်မုန့်ကို
ထောပတ်သုတ်ထားတဲ့အခြမ်းစားမလား။
တခြားတဖက်ကိုရွေးမလား။
တိုင်းပြုပြည်ပြုအစည်းအဝေးက
အရှိန်ရစပြုလာတယ်။
၃.၉.၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar