ဆက်ဝေမိုး - “ကွေ့ကွေ့ကောက်ကောက် လမ်းကလေး”
“ကွေ့ကွေ့ကောက်ကောက် လမ်းကလေး”
ဆက်ဝေမိုး
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၂၂
ဒဏ်ရာကအဆင်သင့်စောင့်နေရပြီး
ကျည်ဆံက ရောက်တာနောက်ကျနေသလိုမျိုး၊
အိပ်မက်ကို ရှေ့တကွက် တိုးရွှေ့ကြည့်လိုက်တဲ့အခါ…
ဆက်ရန်ဆိုတဲ့ဝတ္ထုတပုဒ်ကို
အဆုံးက စဖတ်နေမိသလား၊
အဲဒါစဉ်းစားနေတာ။
၁၆.၁၀.၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar