ညီမင်းသူနဲ့ အားလုံးအတွက် တရားမျှတမှု
ညီမင်းသူနဲ့ အားလုံးအတွက် တရားမျှတမှု
Blank ဗီဒီယိုမှတ်တမ်း၊ Human Color က တင်ဆက်သည်
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၂၂
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဆိုးရွားပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှ စတင်တာမဟုတ်ပဲ လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ပိုပြီး ဖြစ်ပွားခဲ့ပါတယ်။ ဒီလိုအဖြစ်များနေခဲ့ပေမယ့် စစ်တပ်ရဲ့ကျူးလွန်မှုတွေကို အထူးသဖြင့် ပြည်မမှာ ရှိနေတဲ့ လူထုအချို့က သတိမမူမိခဲ့ကြပါဘူး။ ၂၀၂၁ ခုနှစ် စစ်တပ်က မတရား အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်ကို ဆန်ကျင့်တဲ့ လူမှန်သမျှ လူမျိုးမရွေး၊ ဘာသာမရွေး လူထုရဲ့ အိမ်တံခါး၀ကို ချိုးဖေါက်မှုတွေက လာခေါက်တော့တာပါပဲ။ လူ့အခွင့်အရေးချိုးဖောက်မှုဟာ မြန်မာပြည် တပြည်လုံး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီဖြစ်ပါတယ်။ ဒီအကျိုးဆက်ကို မြန်မာပြည်သူလူထုတစ်ရပ်လုံး နိစ္စဓူဝ (နေ့တဓူ၀) ကြုံတွေ့ခံစားနေရပြီဖြစ်ပါတယ်။
လူ့အခွင့်အရေးချိုးဖေါက်မှု ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိစေဖို့ဆိုတာက ကျမတို့ အနာဂတ်၊ ကျမတို့ မျိုးဆက်တွေရဲ့ အနာဂတ်အတွက် အထူးအရေးကြီးတဲ့ လုပ်ငန်းတစ်ရပ် ဖြစ်ပါတယ်။ ယခုဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနဲ့ အရပ်ဖက်အဖွဲ့အစည်းများအတွက် တရားမျှတမှုရရှိရေးဟာ ဦးစားပေးဖြစ်ပါတယ်။ အာရှတရား မျှတမှု နှင့် လူ့အခွင့်အရေးဆိုင်ရာအဖွဲ့ (Asia Justice and Rights) အနေဖြင့် ချိုးဖေါက်ခံရသူများ၊ ရှင်သန်လွတ်မြောက်သူများအတွက် တရားမျှတမှုရရှိစေရေး၊ ချိုးဖေါက်မှု ကျူးလွန်သူများ တာဝန်ယူ၊ တာဝန်ခံမှုရှိစေရေး၊ ပြစ်ဒဏ်ပေးခံရခြင်းမှ ကင်းလွတ်ခွင့်ရရှိနေမှုအား တိုက်ဖျက်ရေးအတွက် တတ်အားသမျှ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်နေကြပါတယ်။ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်မှာ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု လုပ်ငန်းစဉ်များက များစွာအထောက်အကူပြုပါလိမ့်မယ်။
Transitional Justice နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက ဖော်ပြပါ websites များတွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။
Justice Resource Centre - https://justiceresources-mm.com/about-us
Transitional Justice In Burma - https://www.facebook.com/transitionaljustice.burma
E-learning website AJAR - https://elearning.asia-ajar.org
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar