Breaking News

စိုးလူမောင် - **သဘာဝတ္ထရုပ်မြင်ကွင်းပေါ်က ခမ်းနားလှပရောင်ချည်မျှင်များစွာ **

**သဘာဝတ္ထရုပ်မြင်ကွင်းပေါ်က ခမ်းနားလှပရောင်ချည်မျှင်များစွာ **
စိုးလူမောင်
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၂၂


* ငှက်ငယ်လေးသုံးကောင်မှာတကောင်ကအလွမ်းမောသမားလေးပါလား၊တိမ်ပန်းချီနွေနှောင်းသစ်ကိုင်းငယ်တို့ဟာ တခါတခါအနီးစပ်ဆုံးမြင်ရနိုင်တတ်လေတဲ့ နေဝန်းဝိုင်းကြီးရဲ့အလင်းသန့်ရောင်ချည်မျှင်တွေနဲ့လေ ...

 သတ္တဝါတွေဟာ သက်ရှင်သန်မှုတွေနဲ့ရှိသလို ကျယ်ကျယ်လင်းလင်းမြင်တွေ့နေရတဲ့မြင်ကွင်းရုပ်ဝတ္ထုတို့မှာလည်း, လယ်ကန်သင်းရိုးလေးမှာပေါက်လာတဲ့ မြက်စိမ်းပင်ကလေးတွေရယ်၊ ရေစပ်စပ်က ကန်ဇွန်းရွက်ပင်ငယ်လေးတွေလည်း အသက်တွေရှိဝင်နေတာဟာ ဘယ်လိုသက်သေထူနိုင်သလဲဆန်းစစ်ရင် သူတို့အညွန့်အတက်ငယ်လေးတွေဟာ နေရောင်စွမ်းလေးပေါ်လာတာနဲ့ အဲဒီရောင်ချည်မျှင်တွေဆီ လည်မော့ဦးညွှတ်ကြရတာ ရုပ်သစ်ပင်သစ်ခက်ကလေးတွေရဲ့ လက်တွေ့အရှိတရားဆိုတာကို စိုက်ပျိုးရေးသိပ္ပံပညာရှင်များရဲ့' light response '"photosynthesis "အလင်းရောင်တုန့်ပြန်မှုက အခိုင်အမာထောက်ပြချက်ဟာ ငြင်းချက်ထုတ်လိုမရကောင်းနိုင်ခဲ့လေ။

      သစ်ပင်ငယ်လေးများစွာတည်ရှိရာ ထုထယ်ကြီးမားလှတဲ့မြေပြင်ကြီးရှိနေခဲ့သလို မြေဆိုင်မြေခဲတို့ဟာ သဘာဝတ္ထတရားရဲ့ဖြစ်တည်မှု အဖုံဖုံကထူးခြားကွဲပြားလျက် တခါတရံ အဲဒီဆန်းကျယ်မှုမျိုးစုံဟာ ဒီကမ္ဘာမြေကိုအံ့ဩဖွယ် သာယာစေခဲ့တာပါ၊

    ကမ္ဘာမြေပြင်မြေဆွဲအား၊ သံလိုက်ဆွဲငင်ထိန်းကြောင်းမှုမျိုးစုံတို့ဟာ ကမ္ဘာမြေပြင်ပေါ်မှာပုံစံကွဲပြားရပ်တည်ထွန်းတင့်နေကြဆဲလေ. ဥပမာ'
    ' Precarious boulder' ပုံစံမတူညီသောဟန်ချက်  ညီကျောက်တုံးကျောက်ခဲကျောက်ခက်များ ။

    *မြေသားပြင်ပေါ်ဖြစ်တည်လာခဲ့ရတဲ့သစ်ပင်မျိုးနွယ်စုံတို့သဘာဝအရ အပူအလင်းအမှောင် ၊ စိုထိုင်းဆ ကွဲပြားခြားနားစွာတို့ဟာ ပွင့်ချိန်တန်ပွင့် သီးချိန်တန်သီးရယ်လို့ လူသားတို့ကိုယ် တိုင်မှာ ဥပမာဥပမေယျတွေ တပုံတပင်နဲ့ပါ။
      * သဘာဝလောကကမ္ဘာထဲမှာ တခါတရံကြောက်မက်ဖွယ်ရာဆိုးသွမ်းညစ်ထေးမှု့များစွာကိုအတ္တအရင်းခံလူသားတို့ကြောင့် ကြည်လင်ကြယ်စင်အလင်းတို့ ခါးသီးမှောင်မဲမဲ ကြုံခဲ့ရပေမဲ့လည်း.....
အနီရောင်နေဝန်းစက်ဝိုင်းထဲမှာ"Revolt gravity"
တော်လှန်ဆွဲငင်အားအင်ဟာ မဖြစ်မနေရင့်ကျက်တည်ရှိနေခဲ့တာကိုလည်း ငြင်းချက်ထုတ်မရကောင်းနိုင်ခဲ့။
  * ဒီလိုနဲ့ရာသီဆိုးတွေအပေါ်ချေဖျက်ဖောက်ထွက်တိုက်ဖျက်ကြရင်း တိမ်ဖြူတိမ်မျှင်မျက်မြင်အအုပ်အဖွဲ့လေးများနဲ့အတူ သက်ရှိလှပငှက်ငယ်များရဲ့ နှုတ်သီးမျှင်ကလေးများ ရှေ့ဆီဝှေ့ဝဲအသံတစာစာဟစ်ကြွေးလျက် ကူးလူးပျံသန်းနေလိုက်ကြတာများ. ...

ခုများမတော့ ယဉ်ကျေးခြင်းတစုံပြည့်ဝလာနေတဲ့ ကမ္ဘာကြီးရဲ့သာယာဝပြောခြင်းဟိုမှာဘက်ခြမ်းဆီ တိုးတက်ကူးပြောင်းလာရမည့်အစား ဟောင်းနွမ်း ညစ်ထေးလွန်းလှတဲ့ကျောက်ခေတ်ဟောင်းနဲ့အတူ အတ္တကြီးမားလူ့အုပ်စုတို့ကယဉ်ကျေးလူသားစိတ်တို့ခမ်းခြောက်လျက်ရမ်းကားမိုက်ရိုင်းဖျက်ဆီးနေ ……

      *  လူသားတို့နှင့်အတူတွဲဖက်နေထိုင်ခဲ့ကြသော ကျွဲနွားတိရိစ္ဆာန်ကလေးများတောင်တွန် ကျူးဟစ်ကျွေးဖို့ သစ်ကိုင်းသစ်ခက်ငယ်များနဲ့ အိမ်ခေါင်မိုးတို့လဲ မီးခိုးပြာမှုံများဝေ့ဝေ့ဝဲဝဲ ဖုံးလွှမ်းနေလိုက်ကြတာများ . ,......
 သို့သော်လည်းလို့ငြင်းချက်တို့နှင့်အတူ..

ဒါပေမယ့် ,,,,,,ဒါပေမယ့် .......
အရုဏ်ဦးဟာ သဘာဝကျကျတည်ရှိမြဲ၊ မြူမှုံအုံ့အုံ့ဆိုင်းဝိုင်းပတ်လည်ဆဲမှာ တလွှာခြင်း တစခြင်း တဆစ်ခြင်း လင်းလက်ရောင်ခြည်မျှင်တို့ မြေအနှံ့၊ တောအနှံ့တောင်အနှံ့တဝင်းဝင်းတလက်လက် ကူးလူးဖြတ်သန်းလျက် "အဖိနှိပ်ခံလူမျိုးပေါင်းစုံ ဗမာပြည်သား တနံတလျား၊ မြို့ ပြကျေးလက်, ကျေးလက်မြို့ပြ၊အရှေ့မှအနောက်, တောင်မှမြောက် ရန်သူဖက်ဆစ်စစ်အုပ်စုကိုချေမှုံန်းတိုက်ဖျက်ရင်းတော်လှန်ခရီးကြမ်းကိုမျက်မြင်မျဉ်းပေါ်မှာဖြတ်သန်းတိုက်ပွဲဆင်နေကြလေ . ,.........။

     * အောင်ပွဲဟာ တိုက်ရဲသူတို့အတွက် ဒီမှာသက်သေပြ-မုချ။
     * အနာဂတ်လမ်း  မြင့်မြတ်ကမ်းပေါ် အုံနဲ့ကျင်းနဲ့ ရဲပနှင်းဆီခင်းကြီးတမျှော်တခေါ် ။
      * ပြန့်ကားပြာမှုံတွေကြား သန်မာထက်မြက်တောင်ပံအစုံတို့  > ဟိုး ရှေ့ ~~နေဝန်းနီကြီးဆီ စွဲမြဲထက်သန် ပျံသန်းနေကြပြီကောလေ . ,......။   ။

စိုးလူမောင်
* မဟာအောက်တိုဘာတော်လှန်ရေး (လ)အတွက် ဆရာခင်လွန်းရဲ့ရောင်စုံပုံချစ်ပန်းချီ တချပ်အပေါ်ဆန့်တန်းတိုးချဲ့ ဂုဏ်ပြုရေးသားအပ်ပါတယ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar