Breaking News

နေသွင်နိုင်း - ကမ်းခြေမှာ နေသာခြင်း

ကမ်းခြေမှာ နေသာခြင်း
နေသွင်နိုင်း
(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၂၂

လိင်ဆက်ဆံတယ်
မျိုးပွားတယ်
လူ့အဖြစ်ရရှိကြောင်း ကြွားလုံးထုတ်တယ်။

ငွေရေးကြေးရေးအကြောင်းများများ
အချစ်အကြောင်းနည်းနည်း 
ဘယ်သူရွှေဖိနပ်ရမလဲ လေတိုက်တယ်။

ကုန်တိုက်ကြီးမှာ လိင်တံအတုဝယ်တယ်
ရုပ်ရှင်ရုံအထွက်မှာ 
အတွင်းခံဘောင်းဘီက ချွဲထလို့
ငတေတွေက မာကြတယ်။

ဘာမှမသိသလို 
ဘာမှမဖြစ်သလို 
တမိုးအောက် တယောက်က အမိုးပျောက်လို့
တမြို့အောက် တယောက်က ကမ္ဘာပျောက်နေတယ်
ငရဲကပန်းထွက်လာတဲ့မီးစလို နေထိုင်မှုနဲ့
နှလုံးသားမရှိသူမှာ
အကုသိုလ်ပန်းဟာ ဖူးပွင့်လှချည်ရဲ့။ 

မနက်ခင်းသတင်းစာမှာ
ကော်ဖီသောက်တယ်
ဆေးလိပ်ဖွာတယ်
ကမ္ဘာကြီးကို ကယ်တင်မယ့် မဟာကရုဏာရှင်တွေလို
ရွှေဈေးကို စိတ်ဝင်စားတယ်။

နို့သီးကြီးတာရယ်
စောက်မွေးမီးလောင်တာရယ်
ရေးကြီးခွင်ကျယ်ပြောဆိုတယ်။

ကြယ်ငါးပွင့်ဟိုတယ်ပေါ်မှာ
ပန်းကုံးတွေရွှေချရင်း
နေသာသူတို့ရဲ့ကမ်း​ခြေမှာ
တယောမထိုးတတ်လို့ တယောမထိုးတာတခုပဲ။

ကွန်ဒုံးကို ခေါင်းမှာစွပ်တယ်
မျိုးပွားတယ်
လိင်ဆက်ဆံတယ် ။ ။

20 10 2022
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar