Breaking News

ယွန်းသက်ထား နဲ့ အားလုံးအတွက် တရားမျှတမှု ရုပ်သံဇာတ်လမ်းတို



ယွန်းသက်ထား နဲ့ အားလုံးအတွက် တရားမျှတမှု ရုပ်သံဇာတ်လမ်းတို

An ARDENT Desire Produced by The Zeus
(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၂၂


ရေဒီယို NUG ၏ Facebook & YouTube ကနေ မြန်မာစံတော်ချိန် ၁၁ နာရီ တိုက်ရိုက်ထုတ်လွှင့်ပါမယ်။


“အလိုရှိရာ" (သို့မဟုတ်) An ARDENT Desire သည် ပြသချိန် (၉) ~ (၁၀) မိနစ်ဝန်းကျင်ရှိသည့် ဇာတ်လမ်းတိုတစ်ပုဒ်ဖြစ်ပါသည်။ ဇာတ်လမ်းကို Helen John မှ ရေးသားထားပြီး ဇာတ်ညွှန်းနှင့် ပရိုဂျူဆာအဖြစ် The Zeus က တာဝန်ယူကာ Ardent က ဒါရိုက်တာအဖြစ်တင်ဆက်ထားပါသည်။ ဇာတ်လမ်းရိုက်ကူးရန် မူရင်းစာရေးသူ Helen John ထံမှ ခွင့်ပြုချက်ရယူထားပြီးဖြစ်ပါသည်။

အသက် (၁၈) နှစ်အရွယ် ယွန်းသက်ထား ဆိုသော ကောင်မလေးသည် မတ်လ ၂၅ ရက်နေ့၊ ၂၀၂၂ တွင် အကြမ်းဖက်စစ်ကောင်စီက သပိတ်အုပ်စုကို ကားဖြင့်တိုက်ကာဖြိုခွင်းမှုကြောင့် သေဆုံးခဲ့ရပြီး သူမ၏ ထိုတစ်ရက်တာအခြေအနေနှင့် နေ့စဉ်နဲ့အမျှ စစ်အာဏာရှင်ကို တွန်းလှန်ဖို့ တာဝန်ကျေနေပုံကို ဖော်ပြရိုက်ကူးထားပါသည်။ ယွန်းသက်ထား ကဲ့သို့ပင် အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးညှဉ်းပန်းမှုကြောင့် သေဆုံးခဲ့ရသူများနှင့် နေအိမ်ဆုံးရှုံးရသူများ၏အကြောင်းကို တင်ပြရင်း ယခုအနေအထားများသည် လူ့အခွင့်အရေးကို နက်နက်ရှိုင်းရှိုင်း ချိုးဖောက်ခံနေရပြီဖြစ်ကြောင်း အသားပေးဖော်ပြထားပါသည်။ ယွန်းသက်ထား၏ မျှော်လင့်ချက်ကင်းမဲ့သော နေ့ရက်များကို အဖြူအမည်းကာလအသုံးပြု၍ ဖော်ပြထားပြီး ယွန်းသက်ထားက သူ့ကိုယ်သူ သေဆုံးမှန်းသိပြီးနောက် အရာရာ ပြန်လည်ကောင်းမွန်သည့်ပုံစံဖြင့် အရောင်များ ပြန်လည်သွင်းကာပြသထားပါသည်။

ပြည်သူရွေးကောက်တင်မြှောက်သော အစိုးရအဖွဲ့အစည်း အာဏာပြန်လည်ရရှိရေးနှင့် တရားဥပဒေစိုးမိုးရေးသည် အရေးကြီးသကဲ့သို့ အကြမ်းဖက်စစ်ကောင်စီကြောင့် မတရားခံခဲ့ရသော ယွန်းသက်ထားကဲ့သို့ ပြည်သူများအတွက် Transitional Justice ဖော်ဆောင်နိုင်ရန်လည်း မမေ့မလျော့အပ်သော တာဝန်တစ်ရပ်ဖြစ်ပါသည်။

Transitional Justice နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက ဖော်ပြပါ websites များတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Justice Resource Centre - https://justiceresources-mm.com/about-us

Transitional Justice In Burma - https://www.facebook.com/transitionaljustice.burma

E-learning website AJAR - https://elearning.asia-ajar.org


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar