မောင်လွမ်းဏီ - အဆုံးစွန်သော…ကြယ်တံခွန်များ
အဆုံးစွန်သော…ကြယ်တံခွန်များ
မောင်လွမ်းဏီ
(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၂၂
သားကို အကျဉ်းချ
နှိပ်စက်ပြမယ်၊ သတ်။
သမီးကို အကျဉ်းချ
ညှင်းဆဲပြမယ်၊ သတ်။
မြေးကို
ဖမ်းဝရမ်းပြ
မောင်းတင်ကြတယ်။
မိဘကို
အရှင်လတ်လတ် …။
တို့ တတွေ
ရင်နာခဲ့ကြရတယ်
ပို စို့နင် ကြေကွဲ ရင်နာတတ်တဲ့
တူ သား မြေးတွေရဲ့ ငလျင်
ရင်မှာ
နာကျင်တတ်လို့
..........
အသက်မချစ်ပဲ
လူသတ်လက်နက်ကို ချစ်နေကြတာ။
ဒီနွေဦးရဲ့ရာစုသစ်
ပုံရိပ်ဖြစ်တယ်။
၁၉ အောက်တိုဘာ ၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar