Breaking News

ဝင်းမြင့် - အဝေးက ငှက်

အဝေးက ငှက်
ဝင်းမြင့်
(မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၂၂

တံခါး လာခေါက်တတ်သော
ဆောင်းခို ငှက်ကလေး ။
သူ့အမည်က
လူတွေ နဲ့ ဝေးဝေးနေမယ် ။
သူ့တွန်သံကို
ပြန် တုံ့ပြန်မယ့်
အဝေးက နောက်ထပ် အသံတခု နားစွင့်
နောက်ထပ် ပြန်တွန်
နောက်ထပ် ပြန်နားစွင့်
သူဟာ နေ့ရှိသ၍ မျှော်လင့် နေ တတ်တဲ့
ငှက်ကလေးလား ။
ခေါ်မကြား အော်မကြား
ခေါ်မကြား အော် မကြား ။ ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar