ကိုအောင်မှိုင်း - ဥပေက္ခာည
ကိုအောင်မှိုင်း - ဥပေက္ခာည
(မိုးမခ) နိုဝင်ဘာ ၉၊ ၂၀၂၂
ဆေးပေါင်းခတဲ့
တန်ဆောင်မုန်းအလှ
မျက်ရည်တွေကိုယ်စီနဲ့
အကျည်းတန်လှ ဥပေက္ခာည။
ဆွံ့အထုံသင်း
တိတ်ဆိတ်ခြင်းနဲ့
နှုတ်ဆက်ခြင်းတွေကြား
အတိတ်ကိုယ်စီမျှ ဥပေက္ခာည။
အလွမ်းတွေဝေ
ပန်းတွေလို ကြွေကျ
ဝေဒနာတွေ တဆစ်ချိုး
ရှေ့ဆက်တိုးခဲ့ကြ ဥပေက္ခာည။
တေးသစ်တွေဆို
ပန်းတွေ ငိုနေကြ
အလွမ်းတွေ ပိုနေရ
မလှပတော့တဲ့ ဥပေက္ခာည။
မီးတောက်တွေကြား
ပြာပုံတွေနဲ့ စည်းခြား
အလှတရားတို့ ပျက်သုဉ်း
အဆုံးသံသရာတွက်နိဂုံး
နိဂုံးအတွက် နိဒါန်းပျိုး
ပျိုးခင်းသစ်တွေ ဆတိုး
ဘဝဆိုးတွေက တိုက်ထွက်
စစ်မိစ္ဆာတွေနဲ့ စီးချင်းထိုး
လောကပါလ တုန်းခေါက်
အလံတော်အောက် ကျရောက်
ပကတိဘာဝသစ်ကို ဖန်တီးရင်း
ရင်တွင်းဖြစ် ဥပေက္ခာညသစ်ဟာ
ဆေးပေါင်းခလေမလား သံသယပွား။
ကိုအောင်မှိုင်း
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar