Breaking News

ကရော်ဟုန်း - ပြည်လုံးကျွတ် မောင်းသံ

ပြည်လုံးကျွတ် မောင်းသံ
ကရော်ဟုန်း
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၂၂

ဆန္ဒတွေ ငလျှင်လှုပ်ချိန်မို့
ညွှန်းကိန်းလွန်သွေးခုန်နှုန်းကို
ရွှေပြည်ဧတရား လာဟောရင် ဒလန်ပဲ။

တန်ပြန်မှုတိုင်းမှာ
ရာနှုန်းပြည့် တရားတယ်မဆိုနိုင်လည်း
မူလဇာစ်မြစ်ကို အရင်လေ့လာရင်
အဖြေမှန် တွေ့မယ်။

မြားချည်းပဲ မမြင်နဲ့
မြားပစ်သူကို
မြင်အောင် ကြည့်တတ်ကြ။

ရန်သူဟာ
ငါးမျှားကျွမ်းတဲ့ တဇောက်ကန်း
လျှော့ တင်းကစားရင်း
လက်ယဉ်တယ်။

လောကကြီးမှာ
တရားအတွက်
ဘာဝနာပွါး မေတ္တာထားရသလို
ဓားအိမ်က ထုတ်
ဓားလွတ်ကိုင် ခုတ်ရတာလည်း ရှိတယ်။

ပါးကိုက် နားကိုက်ဇာတ်လမ်းကို
အကြမ်း စဖက်သူက
အကြမ်းဖက် ခံရသူက်ို
အကြမ်းဖက်သူလို့ တံဆိပ်ဇွတ်ကပ်
သွေးထွက်လွန်အောင် မြောက်တဲ့ဟာသ။

တနေ့တော့
ဒီ သွေးထွက်လွန်ဟာသတွေကို
အောင်ပွဲစစ်စစ်ရတဲ့နေ့
စားမြှုံ့ပြန်လို့
အတူတူ ရယ်ကြရအောင်။

ခုတော့
အနာဂတ်အဆောက်အဦအတွက်
အသွင်အမျိုးမျိုးဆောင်
ဓားလွတ် ကိုယ်စီကိုင် ချီတက်ကြ။

၂၂၁၁၁၇
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar