Breaking News

ကိုအောင်မှိုင်း - တော်လှန်သော အနုပညာ

 တော်လှန်သော အနုပညာ

ကိုအောင်မှိုင်း 

(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၂၂


ပြောလိုက်ကြ

ရေးလိုက်ကြ

တိုက်လိုက်ကြ

မိုက်လိုက်ကြ

နောက်ဆုံး အချင်းချင်း

နောက်ကျော ဓားနဲ့ထိုးကြ။

အမြင်မတူသူက

ရန်သူ မဟုတ်ဘူး

အမြင်မတူတဲ့ မိတ်ဆွေ ဖြစ်တယ်။

မိတ်ဆွေကို 

ရန်သူ လုပ်နေသမျှ

မိတ်ဆွေဟာ ရန်သူ ဖြစ်နေပြီး

ရန်သူကတော့ ရန်သူပဲ ဖြစ်နေလိမ့်မယ်။

မိတ်ဆွေနဲ့ရန်သူ

ခွဲခြားသိမြင်မှုဟာ

တော်လှန်တဲ့ အနုပညာပဲ

တော်လှန်တဲ့အနုပညာ မရှိရင်

တော်လှန်တဲ့အနုပညာ မသိရင်

တော်လှန်ရေးဟာ သားလျှောတတ်တယ်။

ပြည်သူသာ အမိ

ပြည်သူသာ အဖဆိုတာ

အမှန်တရားနဲ့ မိတ်ဆွေစစ်စစ်ပဲ။

ကိုအောင်မှိုင်း

နိုဝင်ဘာလ ၁၅ ရက် ၂၀၂၂ ခုနှစ်

-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar