Breaking News

မိုးခါး - နံရံတွေပေါ်ချိတ်ဆွဲ့ထားတဲ့ မေးခွန်းများ

နံရံတွေပေါ်ချိတ်ဆွဲ့ထားတဲ့ မေးခွန်းများ
 မိုးခါး
(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၂၂

သတိရမှုတွေထဲ
နှလုံးသားအချို့ ဆတ်ဆတ်ခါလည်း
အသံတွေ ပွက်ပွက်ဆူ တိတ်ဆိတ်လို့
အလွမ်းကို ဓားထမ်းပြီးပြော ပြောနေရတဲ့ခေတ်မှာ
ကြောင်းကျမှုကြောင့်ရလိုက်တဲ့ ဒဏ်ရာတွက်
အလံဖြူပြ ငေးလောက်အောင် မမိုက်ဘူး
တယောက်တမျိုးပန်းပန်ကြလည်း
ပျော်စရာတွေ ဆိုက်ရောက်မလာသေးတဲ့ ဝေဒနာ
အဟောင်းတိုင်း အတည့်ပြန်ကြည့်လိုက်တယ်
အကောင်းတိုင်း ပြောင်းပြန်လည့်ကြည့်လိုက်တယ်
နေ့တနေ့ရဲ့အဆုံးသာ ကုန်လွန်လို့......၊၊           ၊၊
                                                             
22.6.201
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar