Breaking News

မင်းငြိမ်းအေး - သမီးရဲ့တိမ်များ !!!

သမီးရဲ့တိမ်များ !!!
မင်းငြိမ်းအေး
(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၂၂

မှီတည်ရာမဲ့ခြင်းနဲ့
လွတ်လပ်စွာပေါ့ပါးရေး
ပုံသဏ္ဌန်ရဖွင့်ဆိုဖို့ခက်တယ် 
မိသားစုနှစ်စုရဲ့အမြစ်မွှား
အဲ့ဒီကြားမှာ
သမီးဟာ ထွားကြိုင်းတဲ့နေရောင်
အစာချက်တဲ့အရွက်စုံ
အဖေတွေ့ခဲ့တဲ့နောက်ဆုံးတိုက်သစ်
အမေ့တိုက်ပန်းရုံက ပန်းဆီရောင်ပွင့်ဖူး
ဘိုးဘွားပိုင်မြေရဲ့အဆောက်အဦး
ထူးထူးခြားခြားပြောရင်
ရင်မှာတည်တဲ့ကြယ်
ဒေါ်လေးငယ်ရဲ့ ပြုတ်မထွက်တဲ့ရင်ထိုး
ဦးလေးဆိုးဆိုးကြီးရဲ့အရက်ဖြတ်တဲ့ဆေးရုံ
နှစ်ဖက်ဘွားအေတွေရဲ့ ပြေနေတဲ့ဆံထုံး
သွားလေသူအဘိုးတွေရဲ့
မတွေ့လိုက်တဲ့ရတနာ
သမီးရယ်
တိမ်တွေလိုအရာရာတွေကြား
စောင့်လေမျိုးနွယ်တိမ်လေးသာ
အဖေတို့ကောင်းကင်မှာ
ပုံသဏ္ဌန်ထင်ချင်တယ် ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar