အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၇ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၇ )
(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၂၂
3/11/22
Diary in the darkness
ဒီမနက် ပြည်သူတွေအတွက် ဒစ်ဂျစ်တယ်လုံခြုံရေးကို တယ်လီနောကုမ္ပဏီက တာဝန်ယူတယ် ဆိုတဲ့သတင်းကို ဖတ်ရတော့ ရင်ထဲ အေးခနဲ စိမ့်ခနဲ ဖြစ်တဲ့ အထိ ကျေနပ်မိပါတယ်။ လူတွေဟာ ဒစ်ဂျစ်တယ်နည်းပညာကို သုံးပြီး သူတို့ရဲ့ လွတ်လပ်စွာရေးသားပြောဆိုခွင့်ကို အမိအရ ယူနေကြပါတယ်။ အလားတူပါပဲ အာဏာရှင်တစုဟာလည်း ဒစ်ဂျစ်တယ်နည်းပညာကိုသုံးပြီး အာဏာရှင်စံနစ်ကို ပိုမိုခိုင်ခန့်အားကောင်းလာအောင်ကြံဆောင်ကြပါတယ်။ တနည်းအားဖြင့် ဆိုရရင် ဒစ်ဂျစ်တယ် စင်္ကြံလမ်းပေါ်မှာ အာဏာရှင်နဲ့ပြည်သူတွေ ထိပ်တိုက်ရင်ဆိုင်တွေ့နေကြတယ်လို့ဆိုရမှာပါ။
အာဏာရှင်ဘက်မှာ အင်အားကြီး အာဏာရှင်နိုင်ငံတွေက ကျောထောက်နောက်ခံပြုထားကြသလို ပြည်သူတွေဘက်မှာ လည်း နိုင်ငံတကာ လူအခွင့်အရေးမြတ်နိုးတဲ့ ပညာရှင်တွေက ခိုင်ခိုင်မာမာရပ်တည်နေကြပါတယ်။ ဒီခေတ်ဒီအခါဟာ သူတို့ဘက်နှစ်ဘက်ဟာ တစ်ဦးကိုယ်တစ်ဦး ဘတပြန်ကျားတစ်ပြန် တိုက်ခိုက်နေကြတဲ့ အချိန်ပါ။ မြန်မာပြည်မှာ တယ်လီနောကုမ္ပဏီကို စစ်အစိုးရ အပိုင်သိမ်းပြီး လူထုကို ထိပ်တုံးခတ်ဖို့ ကြိုးစားခဲ့ပါတယ်။ မြန်မာပြည်က ဆုတ်ခွာခဲ့ရတဲ့ တယ်လီနောဟာ မြန်မာပြည်သူတွေရဲ့ လွပ်လပ်စွာပြောဆိုခွင့်ကို မကာကွယ်နိုင်တော့ဘူးလို့ အများက ယူဆခဲ့ကြပါတယ်။ မြန်မာပြည်သူတွေ တယ်လီဖုန်းသုံးရင်၊ အင်တာနက် သုံးရင် သတိထားကြ။ စစ်တပ်က အားလုံးကိုထိန်းချုပ်ပြီး လူထုကို ချေမှုန်းတော့မယ် ဆိုတဲ့ သတင်းစကားတွေ ပျံ့နှံ့လာပြီး လူထုအသံတွေ တိမ်ဝင်သွားပါတော့တယ်။ ခုတော့ တယ်လီနောဟာ မြန်မာပြည်နယ်နိမိတ် အပြင်ကနေ မြန်မာပြည်သူတွေရဲ့ လွတ်လပ်စွာပြောဆိုခွင့်ရဲ့ လုံခြုံရေးကို တာဝန်ယူပေးနေတယ်ဆိုတဲ့ သတင်းကြားရတော့ ကျွန်တော် အလွန်ဝမ်းသာသွားခဲ့ရပါတယ်။၏
ကျွန်တော် အသက်အရွယ် ရလာတာနဲ့အမျှ လူသားအားလုံး တိုးတက် ဖွံဖြိုးဖို့ လူ့အခွင့်အရေးဟာ အခြေခံကျတဲ့ အခွင့်အရေးတခုဖြစ်တယ်ဆိုတာ တဖြည်းဖြည်း နက်နက်ရှိုင်းရှိုင်း သိလာခဲ့ရပါတယ်။ အထူးသဖြင့် ၈၈ အရေးတော်ပုံကို လူတန်းစားလွတ်မြောက်ရေးအရေးတော်ပုံအဖြစ်ထက် လူ့အခွင့်အရေးအရေးတော်ပုံအဖြစ် ကျွန်တော် သိနားလည်လိုက်ပါတယ်။
လူ့အခွင့်အရေးတွေမှာ လွပ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် ဟာ မရှိမဖြစ်ပါဝင်ရမယ် ဆိုတဲ့အချက်အပြင် အခြေခံလည်းကျတယ်ဆိုတာ ပြင်းထန်ခါးသီးတဲ့ ဘဝနဲ့ အသိက ကျွန်တော်ကို လက်ဆောင်ပေးခဲ့ပါတယ်။ ကျွန်တော့် အသက်မွေးဝမ်းကြောင်းဖြစ်တဲ့ စာရေးသာခြင်း၊ ပန်းချီရေးသားခြင်းနဲ့ အနုပညာမှာ ဝါသနာထုံခြင်းတို့ကြောင့်လည်း ဒီလက်ဆောင်ကို တမြတ်တနိုး လက်ခံမိတာလည်းဖြစ်နိုင်ပါတယ်။
တနည်းပြောရရင် လူသားတရပ်လုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့အခွင့်အရေးဟာ အုတ်မြစ်တခုဖြစ်ခဲ့ရင် အဲဒီ အုတ်မြစ် ခိုင်ခံ့ဖို့ လိုအပ်တဲ့ ခိုင်မာကျစ်လျစ်တဲ့ ပထဝီမြေသားထုဟာ လွပ်လပ်စွာရေးသားပြောဆိုခွင့်ပဲ ဖြစ်ပါလိမ့်မယ်။
လွတ်လပ်စွာရေသားပြောဆိုခွင့် ဘယ်လောက်ရှိသလဲဆိုတာ ကို သိဖို့ သတင်းလွတ်လပ်ခွင့် ဘယ်လောက် အဆင့်ရှိသလဲ ဆိုတာ သိဖို့လိုပါတယ်။
အဲဒါကို ဂရုပြု အလေးထားဖို့အတွက် မေလ ၃ ရက်နေ့ကို နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ ကကြေညာခဲ့တာပါ။
သတင်းလွတ်လပ်ခွင့်နဲ့အတူ သတင်းအချက်အလက်မှန်များ လွပ်လပ်စွာ ဆီးဆင်းရေးဟာလည်း အရေးပါလာပြန်ပါတယ်။
တဖက်နဲ့တဖက် ထိတ်တိုက်တွေ့မိပြီ ဆိုရင် မှန်ကန်တဲ့ အချက်အလက်တွေ လျော့ပါးပျောက်ကွယ် သွားလေ့ရှိပါတယ်။ ဒီအချက်ကို လွန်ခဲ့တဲ့ရက်ပိုင်းလောက်က ဖြစ်ပျက်ခဲ့တဲ့ ကျိုက်ထီးရိုးဘုရားပစ်ခတ်မှု အဖြစ်အပျက်က သက်သေခံနေပါတယ်။
အဲဒီပစ်ခတ်မှုမှာ ဘုရားဖူး အမျိုးသမီးတဦးသေနတ်မှန်သေခဲ့ပါတယ်။ အမျိုးသမီးကို ဘယ်ဘက်က ပစ်လိုက်လို့ အခုလိုသေဆုံးသွားရတာလဲ ဆိုတဲ့ မေးခွန်းဟာ အငြင်းပွားစရာဖြစ်ကျန်ခဲ့ပါတယ်။ အစိုးရ စစ်ကောင်စီက တော်လှန်ရေးအင်အားစုတွေဘက်ကလို့စွတ်စွဲပြီး အဲဒီစစ်ဆင်ရေးကို ဦးဆောင် ပြုလုပ်တဲ့ သူတွေရဲ့စာရင်းကို အစိုးရ ရုပ်သံတွေမှာ ထုတ်လွှင့်ခဲ့ပါတယ်။ ဒီအခြေအနေထိ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ လူထုဆီက သတင်းနဲ့ အစိုးရထုတ်တဲ့သတင်းတွေဟာ ကွဲလွဲနေကြပါ။ ထူးခြားနေတာက ပစ်ခတ်မှု ကိုဦးဆောင်တယ်လို့ အစိုးရကကြေညာသူတွေထဲက နှစ်ယောက်ဟာ လွန်ခဲ့တဲ့ နှစ်ပိုင်း လ ပိုင်း လောက်က ကွယ်လွန်ပြီးတဲ့သူတွေဖြစ်နေတာပါပဲ။ အဲဒါကွောငျံ့ အစိုးရရဲ့ သတငျးမှနျပွနျကွားရေး ဆိုတဲ့သတငျးဌာနနဲ့အတူ အစိုးရ တဖှဲ့လုံး အရှကျကှဲခဲ့ရပါတယျ။ နိုငျငံတနိုငျငံကို ဦးဆောငျနတေယျလို့ မိမိကိုယျ မိမိ အထငျတကွီးနဲ့ ကွှားဝါနတေဲ့ အစိုးရဟာ ဘာမဟုတျတဲ့ သတငျးကလေးကိုတောငျ အခကြျအလကျမှနျမှနျကနျကနျရရှိအောင် မစွမ်းဆောင်နိုင်ပါကလား ဆိုတာ ဗူးပေါ်သလိုပေါ်သွားခဲ့ရပါတယ်။ ကျန်တဲ့ သတင်းအချက်အလက်တွေဆို ဘယ်လောက်တောင် မှားနေမလဲ။ သတင်းမှားတွေနဲ့ ပြည့်နေတဲ့ သူတို့ ဦးနှောက်နဲ့ တိုင်းပြည်ကို ဘယ်လိုများ အုပ်ချုပ်နေမလဲ ဆိုတာ စဉ်းစားမရပါဘူး။
ပြည်သူတွေက စစ်အစိုးရ ဖြန့်တဲ့ သတင်းမှားတွေကိုမယုံတာဟာ တယ်လီနောလို ဆက်သွယ်ရေးဝန်ဆောင်တဲ့ ကုမ္ပဏီတွေကြောင့် ဆိုပြီး ဆက်သွယ်ရေး ကုမ္ပဏီတွေကို ရန်ရှာတယ်။ ရန်ရှာဖို့ခက်ခဲတော့ အပိုင်သိမ်းပြီး ပြည်သူတွေကြားမှာ သတင်းမှန်တွေ မပြန့်အောင် ညစ်နည်းမျိုးစုံနဲ့ ညစ်ပါတော့တယ်။ အဲဒီတော့ မြန်မာပြည်သူတွေကို ကရုဏာသက်တဲ့ အစိုးရတွေ၊ အဖွဲ့အစည်းတွေ၊ ပညာရှင်တွေက ပြည်သူတွေရဲ့လွတ်လပ်စွာရေးသားပြောဆိုခွင့်ကို နည်းလမ်းပေါင်းစုံနဲ့ ဝိုင်းဝန်းပံ့ပိုးကြတယ်။ သတင်းလွတ်လပ်ခွင့်ကို ကာကွယ်ပေးကြပြန်တယ်။ ဒီလိုနဲ့ မြန်မာပြည်သူတွေဟာ မိမိအခွင့်အရေးကို မိမိ ကောင်းကောင်းကာကွယ်တတ်တဲ့ စွမ်းရည်တွေ မြင့်တက်လာပါတော့တယ်။
အခုအချိန်ဟာ အသက်အရွယ်အရ ကျွန်တော့်ဘဝ နေဝင်ချိန် ဆိုပေမယ့် ကျွန်တော်တို့ နိုင်ငံအတွက်တော့ လူ့အခွင့်အရေး နေထွက်ချိန်ပါ။ တနည်းပြောရရင် ရောင်နီလာချိန်ပါ။
အန်ကယ် တူမီး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar