Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၈ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၈ )

(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၂၂


8/11/22

Diary in the darkness


ကထိန်ရက်မို့ အသံချဲ့စက်သံတွေ ကျယ်ကျယ်လောင်လောင် ကြားနေရပါတယ်။ မနက်စောစောထ ဖြစ်ပါတယ်။ သူငယ်ချင်းသားမင်္ဂလာဆောင် သွားဖို့ သူငယ်ချင်းတွေ ကားနဲ့လာခေါ်ပါတယ်။ လမ်းမှာ အသံချဲစက်တွေ ကားပေါ်တင်ပြီး လှည့်နေတာတွေ့ရပါတယ်။ တိုင်းပြည်မငြိမ်မသက်ဖြစ်နေချိန်မို့ မြင်ကွင်းတွေကြည့်ရတာ တမျိုးကြီးခံစားရပါတယ်။ ထောင်ထဲမှာ နေစဉ်ကာလက ထောင်မှူးက အထက်အမိန့်အရ ထောင်သားတွေ အားလုံးပျော်ရမယ် ဆိုတာကြောင့် ထောင်သားတွေ ဝန်ထမ်းတွေ အားလုံး ပျော်တယ်ဟေ့ ပျော်တယ်ဟေ့လို့ စိတ်ပျက်လက်ပျက်နဲ့ ပျော်နေကြတာကို ပြန်လည်သတိရမိတယ်။

မင်္ဂလာဆောင်က တော့ ရပ်ကွက်ခန်းမတခုမှာ အကျဉ်းချုံး လုပ်တဲ့ပွဲပါ။ ရင်းနှီးတဲ့ ဆွေမျိုးမိတ်ဆွေ ငါးဆယ်လောက် ကိုပဲဖိတ်တဲ့ပွဲပါ။ ကိုဗစ်ကာလနဲ့ တိုင်းပြည်မငြိမ်မသက် ဖြစ်ချိန်မို့ မတွေ့တာကြာနေတဲ့ မိတ်ဆွေတွေ၊ ဆွေမျိုးတွေ အားရဝမ်းသာနူတ်ဆက်ကြပါတယ်။

သူငယ်ချင်းတစ်ယောက် တယ်လီဖုန်း လာလို့ ထမင်းဝိုင်းနဲ့ ခပ်လှမ်းလှမ်းကို ထွက်သွားပါတယ်။

သူ ပြန်လာတော့ သတင်းထူးတခုပြောပါတယ်။ ထားဝယ်က ကြံ့ဖွတ် တစ်ယောက် အသတ်ခံရတယ်။ သေနတ်ဒဏ်ရာ ဆယ့်ခြောက်ချက်နဲ့ နေရာမှာပဲ ပွဲချင်းပြီး သေသွားတယ်တဲ့။ အဲဒီလူဟာ စစ်တပ်နဲ့နီးစပ်သူတွေရဲ့ ငွေတွေကို စီမံခန့်ခွဲပေးရတဲ့ လူသိများတဲ့သူလို့ ပြောပါတယ်။ စီးပွားရေးသမားတွေရဲ့ အခေါ်အဝေါ်အရ သူတို့ကို “ရှေ့ထွက်ကျား” လို့ ခေါ်ကြတယ်လို့ဆိုပါတယ်။ အများကတော့ ကာကွယ်ရေးတပ်သားတွေက ပစ်သတ်တာလို့ မြင်ကြတယ်။ သူ့အမြင်ကတော့ ငွေကြေးအမြင်မကြည်မှုကြောင့် အချင်းချင်း လုပ်ကြံတာလို့ မြင်ကြောင်း ပြောပါတယ်။ ထားဝယ်မှာ အိမ်ခြံမြေအရောင်းအဝယ်ဆိုရင် သူနဲ့ သူ့အုပ်စုပါမှ အရောင်းအဝယ်ဖြစ်တယ်လို့သိရတယ်။ သူတို့မပါရင် အရောင်းအဝယ် လုပ်လို့အရအောင် အကြောင်းအမျိုးနဲ့ ကလန့်ထားတယ်လို့သိရတယ်။ သူတို့နဲ့ လုပ်ရင်လည်း အောက်ဈေးသာရကြတယ်။ ဒါ့အပြင် ငွေ အကြေ တော်တော်နဲ့ မရဘူးတဲ့။ NLD လက်ထက်မှာ သူတို့ အုပ်စုက ကျူးကျော်သူတွေငှားပြီး ကျူးကျော် အကွက်ရိုက်ရောင်းစားကြသူတွေဖြစ်တယ်လို့ ဆိုတယ်။ ကျွန်တော့်မိတ်ဆွေလည်း မြေကွက် ရောင်းချင်လို့ ကြိုးစားတာ မရတဲ့ အဆုံး သူတို့လက်ကို ထိုးအပ်လိုက်ရတယ်။ သူတို့က ထွေအုပ်တွေ၊ မြေစာရင်းရုံးတွေ၊ ငွေရှင်တွေ ၊ ရှေ့နေတွေ ၊ လူမိုက်တွေ နဲ့ စုစည်းထားတာမို့ ဘယ်လိုမှ မကျောနိုင်ဘဲ သူတို့လက်ကို အပ်လိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ သူငယ်ချင်းကတော့ မြေရောင်းပြီး တနှစ်ကျော်ကြာမှ ပိုက်ဆံရတယ်လို့ သိရတယ်။ သူ့လက်ထဲ မြေရောင်းရငွေရတာ ရက်ပိုင်းပဲရှိသေးတယ်လို့ သိရတယ်။ ကံကောင်းသွားတာပေါ့။

သူတို့ကအောက်ခြေပိုင်းမှာ အဲဒီလို လုပ်စားနေသလို အထက်ပိုင်းကတော့ ဘန်ကောက်နဲ့ စင်္ကာပူမှာ မြေကွက်တွေ ကွန်ဒိုတွေ ပြေးဝယ်နေကြတယ်လို့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

နေ့လယ် ၁၂ နာရီလောက်မှာ အိမ်ကို ချောချောမောမောပြန်ရောက်ပါတယ်။ ပဲခူးပြန်တဲ့ သူငယ်ချင်းလည်း ည ၇းဝဝ လောက်မှ အိမ်ပြန်ရောက်ကြောင်း ဖုန်းဆက်ပါတယ်။ ရန်ကုန်အဝင်အထွက်မှာ ကားတွေကို စစ်တပ်က ပိတ်ပြီး စစ်ဆေးနေတာ ၄း၀၀ နာရီကျော်ကြာတယ်လို့ သိရပါတယ်။ တလမ်းလုံးလည်း အစစ်အဆေးတွေ များနေတယ်လို့ ပြောပါတယ်။ ပရိုမိုးရှင်းရလို့ ကျိုက်ထီးရိုးဘုရား သွားသူတွေလည်း တော်တော် အခက်တွေ့ကုန်တယ်လို့ သိရပါတယ်။

ညနေဘက်ရောက်တော့ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ပါတယ်။ အာစီယံအစည်းအဝေးမှာ မြန်မာအကြောင်း အဓိကထားဆွေးနွေးမယ်တဲ့။ 

‌ဪ သတိရတုန်း စစ်ရှောင်တွေ ကို လှူဖို့အတွက် အနွေးထည်တွေ ရှာလိုက်ပါဦးမယ်။ နိုင်ငံတကာကတော့ ဆွေးနွေးပြီး ဆွေးနွေး၊ ပြည်သူတွေကတော့ ပြေးပြီးရင်း ပြေးနေကြရတဲ့ အချိန်ပါ။

အန်ကယ် တူမီး


~~~~~~~~~~~~~~~~~~~~~~~

8/11/22

Diary in the darkness

It's Ka Thein Day, so I  hear a loud sound from a big speaker. Get up early in the morning. My old friends came and picked me up by car for a friend's son's wedding. On the road, we have seen many cars loaded with big speakers . As the country is in turmoil, watching the scenes makes me feel strange. 

I remember when I was in prison, the warden told me that all prisoners must be happy. This was ordered by a government official. Therefore, all the prisoners and staff were happy with sad faces.

The wedding is a brief event in a neighborhood hall. It's a party where only about fifty close relatives and friends are invited. Friends who haven't seen each other for a long time of covid and bad situation . Relatives and old friends were warmly and happy..

A friend left our table to talk on the phone.When he came back, he said something special. In Dewei, a person close to the military was shot. He died on the spot with sixteen gunshot wounds. The man is known for managing the money of people close to the military. According to the term of business people, they are called "front tigers". Most of them saw that the defense soldiers shot and killed them. In his opinion, he said that he saw that they were killing each other because of financial disagreements. He is a broker like a gangster.

While they are doing like this at the bottom, the news reports that the top level  are running and buying land and condos in Bangkok and Singapore .

At around 12 o'clock in the afternoon, I returned home smoothly. A friend who returned to Bagu also called to say that he had returned home around 7:00 p.m. It is reported that the military has been blocking and inspecting cars entering and exiting Yangon for over 4:00. He said that there are many tests all along the way. Because of the promotion, people who go to Kyat Hte Hyo Pagoda are faced with difficulty.

In the evening, a friend called me and said The ASEAN meeting will focus on Myanmar.

Aw, it's a time when people are running and running .The international community is discussing and discussing.

Uncle Tu mee


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar