Breaking News

ဝဇီရာဒီဖိုး - ကိုယ့်အဘိဓမ္မာ

ကိုယ့်အဘိဓမ္မာ
ဝဇီရာဒီဖိုး
(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၂၂
 
နေ့တိုင်းလျှောက်နေတဲ့ခြေထောက်
ခလုတ်တိုက်မိတာ အဆန်းလား။

နံနက်ခင်းနဲ့ မြက်ခင်းပေါ်မှာ
နှင်းစက်တွေလား မိုးစက်တွေလား။

ယိုစီးကျလာတဲ့ နေရောင်ခြည်
နေ့သစ်တခုတဲ့လား။

မေးခွန်းများနဲ့ နေဝင်
မေးခွန်းများနဲ့ မိုးချုပ်။

ငါ့အတွက်တော့ 
ကဗျာတစ်ပုဒ်ဟာ
တရားအနှစ်ချုပ်။          ။

09:56, 16-10-2022
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar