Breaking News

ဝင်းမြင့် - နေ့စွဲများ

နေ့စွဲများ
ဝင်းမြင့်
(မိုးမခ) နိုဝင်ဘာ ၂၇၊ ၂၀၂၂

နောက်ကျောကို ပန်း နဲ့ ပေါက်တာမျိုး
ညနေခင်းတွေ ကို ရင်ခုန် တယ် ။
မမုန်းတတ်သူကို
ဓားရိုး ကမ်းပေး တဲ့ ဉာဏ် ပညာ
အတိမ် အနက်ပေါ့ ။
အင်္ကျီပေါ် က ကမ်းခြေမှာတောင်
လွမ်းခန်း နဲ့ နေက ဝင်လို့ ။
အိပ်ကပ်ထဲမှာ
တမြို့လုံး တွက်ချက်နေတယ် 
အဆာပြေအောင် နေထွက်လှန်းကြတယ်
အစောဆုံးပန်းဝင်လာမယ့် နောက်တနေ့ကို 
မျှော်ကြတယ် ။
နာရီတွေက အရောင်ချွတ်ဆေးရောင်းလို့
ပေါင်ဒါမှုန့်တွေ ဖြူးလို့ 
စျေးလာမေးရင် မရောင်း ဘူး လို့ ဖြေလို့။
ကွက်လပ်တခုက
လေထဲမှာ တွဲ လွဲ ခို ရင်း ငြင်းလို့ ။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar