ဝါကျဖြူ - ကဗျာမဲမဲ
ကဗျာမဲမဲ
ဝါကျဖြူ
(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၂၂
ဒါလီရဲ့နာရီတွေအရည်ပျော်စီးကျနေသလိုမျိုး
သူ့ရဲ့တိုးဖွဖွလေတိုးသံသဲ့သဲ့နဲ့ပျော့တွဲနေတဲ့နေလုံးတလုံး
နေလုံတလုံးထဲမှာအရည်ပျော်စီးကျနေခဲ့ရတဲ့လူသားတွေ
အဲ့ဒီတိုးဖွဖွလေသံလေးကိုပဲစုတ်ယူလိုက်ပြီး
နော့ဧသင်္ဘောထဲကဝေလငါးနားရွက်ပြတ်ထဲကလမင်းကို
ထုတ်ယူလိုက်ပြီး
နာကျင်နေတဲ့စကားလုံးလေးတွေကိုစာရွက်ဖြူပေါ်မှာ
ပြန်လည်ဖာထေးကြရဦးမယ် ။
27/10/22
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar