Breaking News

မောင်လူရေး - သင့်တဲ့နည်းလမ်းနဲ့ တော်လှန်ခြင်း သမ္မာကမ္မန္တနဲ့ မှန်ကန်သော ရန်ပုံငွေရှာဖွေမှု သမ္မာအာဇီဝ

မောင်လူရေး - သင့်တဲ့နည်းလမ်းနဲ့ တော်လှန်ခြင်း သမ္မာကမ္မန္တနဲ့ မှန်ကန်သော ရန်ပုံငွေရှာဖွေမှု သမ္မာအာဇီဝ

(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၂၂


သင့်တဲ့နည်းလမ်းနဲ့ တော်လှန်ခြင်း = သမ္မာကမ္မန္တ

တဦးချင်းအပေါ်၊ ရပ်ရွာအပေါ်၊ လူ့အဖွဲ့အစည်းအပေါ် မတရားတာမှန်သမျှ လုပ်နေတာ၊ မတရားမှုဖြစ်နေတာ၊ အနိုင်ကျင့်တာ၊ ယုတ်မာတာ၊ ဖျက်ဆီးတာ၊ ဆင်းရဲစေတာ၊ ကျပ်တည်းစေတာ၊ လောင်မီးချတာတွေကို လက်မခံ တော်လှန်တာမှန်သမျှ ခုခံတာမှန်သမျှ ငြင်းဆန်တာမှန်သမျှ အသေဝနာစ ဗာလာနံစတဲ့ ၃၈ဖြာ မင်္ဂလာတရားနဲ့ညီတာမို့ သမ္မာကမ္မန္တ။

ဆန္ဒပြတာ သမ္မာကမ္မန္တ။

CDMလုပ်တာ သမ္မာကမ္မန္တ။

လက်နက်ကိုင်တော်လှန်တာ သမ္မာကမ္မန္တ။

လက်နက်ထုတ်လုပ်တာ သမ္မာကမ္မန္တ။

ထောက်ပို့လုပ်တာ သမ္မာကမ္မန္တ။

အုပ်ချုပ်လို့မရစေတာ သမ္မာကမ္မန္တ။

စစ်ပညာသင်တာ သမ္မာကမ္မန္တ။

မဟာမိတ်ဖွဲ့တာ သမ္မာကမ္မန္တ။

စုပေါင်းတိုက်ခိုက်တာ သမ္မာကမ္မန္တ။

ရန်ပုံငွေထည့်ဝင်တာ သမ္မာကမ္မန္တ။

ရန်ပုံငွေရှာပေးတာ သမ္မာကမ္မန္တ။

ကလစ်တာ သမ္မာကမ္မန္တ။

တော်လှန်ရေးနယ်မြေမှာ ပညာသင်ပေးတာ သမ္မာကမ္မန္တ။

နိုင်ငံရေးအမြင်ဖွင့်ပေးတာ သမ္မာကမ္မန္တ။

အချင်းချင်းမျှဝေစားသုံးတာ သမ္မာကမ္မန္တ။

ဆေးကုသပေးတာ သမ္မာကမ္မန္တ။

ကျောင်းဖွင့်ပညာသင်ပေးနေတာ သမ္မာကမ္မန္တ။

ချိပ်ဆက်ကူညီပေးတာ သမ္မာကမ္မန္တ။

သတင်းဖြန့်ဝေပေးတာ သမ္မာကမ္မန္တ။

စစ်‌ဒုက္ခတွေကို နားလည်လက်ခံပြီး ကြံ့ကြံ့ခံရင်ဆိုင်ပေးတာ သမ္မာကမ္မန္တ။

‌တိုက်ပွဲဝင်သူများနဲ့ တသားတည်းရှိနေတာ သမ္မာကမ္မန္တ။ 

မှန်ကန်သောရန်ပုံငွေရှာဖွေမှု=သမ္မာအာဇီဝ

တော်လှန်ရေး အသက်ဆက်ဖို့ ရန်ပုံငွေရရှိရေးဟာ အဓိကဆိုပေမယ့် ရန်ပုံငွေရှာဖွေရေးဟာ ရိုးသားဖို့နဲ့ ဝန်မပိဖို့သိပ်အရေးကြီးပါတယ်။

ရိုးရိုးသားသား နည်းလမ်းများနဲ့ ရန်ပုံငွေရှာဖွေခြင်း။

မျှော်လင့်ချက်အမှားတွေပေးပြီး ရန်ပုံငွေမရှာ။

ဟန်ဆောင်မှုများနဲ့ ရံပုံငွေမရှာ။

ကိုယ်မတိုက်တာကို တိုက်သယောင်သတင်းတင်ပြီး ရံပုံငွေမရှာ။

မလုပ်နိုင်တာတွေ လုပ်မယ်ပြောပြီး ရန်ပုံငွေမရှာ။

လုပ်ရပ်မှန်ကို ရိုးရိုးသားသားချပြနေရင် ရံပုံငွေကတော့ တသွင်သွင်စီးဆင်းနေမည်ပင်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar