Breaking News

မောင်ထိုက်အောင် - အက်ဘရာကဒက်ဘရာ (Abracadabra)

အက်ဘရာကဒက်ဘရာ (Abracadabra)
မောင်ထိုက်အောင်
(မိုးမခ) ဒီဇင်ဘာ ၂၆၊ ၂၀၂၂

ဓားသွေးကျောက်အဖြစ်ခရီးလွန်နေတဲ့
လင်သေသားသေ ကျောက်ပျဉ်ကလေး 

ငါတို့သုတ်ရည်ကို ပြန့်ကျဲနေသော
အာဏာရှင်ရဲ့ပုံတူပေါ် ပန်းထုတ်ခဲ့

အရိုးစုတွေရဲ့လက်ကောက်ဝတ်များမှ 
ခပ်နွမ်းနွမ်းပါတိတ်ထဘီကြိုးထုံးစများ

တိုက်ယာဉ်တွေ လေထဲဥချတော့
ရှားမီးခဲမှ ပုစဉ်းများပန်းထွက်လို့ .....။ ။ 
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar