Breaking News

မောင်မှိုင်းလွင်(အင်းဝ) - မျက်ရည်

မျက်ရည်
မောင်မှိုင်းလွင်(အင်းဝ)
(မိုးမခ) ဒီဇင်ဘာ ၃၊ ၂၀၂၂

" မျက်ရည်ဆိုတာ
ငိုဖို့မဟုတ် ဘာလုပ်ဖို့လဲ။"

ဝမ်းနည်းရင်ကျလာ "မျက်ရည်"
ရောဂါကြေင့်ကျတဲ့ "မျက်ရည်"
ပျော်ရင်လည်းကျတဲ့ "မျက်ရည်" ။

သူများကျတဲ့ "မျက်ရည်" ကို
နားလည်မပေးနိင်
ဥပေက္ခာ မရှုနိုင်တောင်မှ
ဖာသာနေပါစေ
ကျနော်တို့ကို လေးစားခွင့်ပေးပါ။

"မျက်ရည်" ဟာ
ရေ နဲ့ သွေးကြားက
ပြတ်သားတဲ့ နယ်ခြားမျဉ်း
ခင်ဗျားက.....??? ။

"မျက်ရည်" ကျတိုင်း
စိတ်ပျက် အားငယ်နေတာ မဟုတ်
"မျက်ရည်" ရဲ့အရင်းခံက သိမ်မွေ့တဲ့ "‌ေဒါသ"
အဲဒီ "ဒေါသ"
ထုထည်ကြီးမား ပေါက်ကွဲနေပြီ။

ဟင် ခုမှ
"တောင်းပန်ပါတယ် ခွင့်လွှတ်ပါ" တဲ့လား
............................................. ။      ။
၁ . ၁ ၂ . ၂ ၀ ၂ ၂
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar