Breaking News

ဝင်းမြင့် - မြေ ကြီး သို့ တမ်း ချင်း

မြေ ကြီး သို့ တမ်း ချင်း
ဝင်းမြင့်
(မိုးမခ) ဒီဇင်ဘာ ၃၀၊ ၂၀၂၂

တိမ်တွေကို အရောင်မဆိုးမိတော့
ချည်တိုင်မှာ ရေမရှိတော့ဘူး ။
နွယ်မြက် သစ်ပင် မီးလောင်ပြင်ပေါ်
ရွာ  သွား တဲ့ မိုးက 
သိပ်ဆွေးနေ တဲ့ သစ်ငုတ်တိုကြီးလို
တိုးတိုးနင့်နင့် ။
တလင်းနယ် ပြီးရင်
ကြယ်တွေ ပြန်ပွင့်မလားလို့  နားစွင့်မိတယ် ။
ကောက်ရိုးနွယ်တွေရဲ့
အဝေးက မှိုပွင့်
အနက်ကြီးတွေ နဲ့ ရာသီ ။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar