ဝဇီရာဒီဖိုး - ခက်တရော်လမ်းက အားမာန်
ခက်တရော်လမ်းက အားမာန်
ဝဇီရာဒီဖိုး
(မိုးမခ) ဒီဇင်ဘာ ၂၈၊ ၂၀၂၂
အကြိမ်ကြိမ်လဲကျတိုင်းသာ မထပဲနေရင်
ဘယ်မှာလမ်းလျှောက်တတ်မှာလဲ။
အခုလဲ အခုထ
ပြန်ပြန်ထ
အဲ့ဒါ ဘဝ။
လေတိုက်တိုင်း မလဲဘူး
တိမ်ဆိုင်းတိုင်း မိုးမရွာဘူး
မိုးရွာတိုင်း မနစ်မြှုပ်ဘူး
ရှုံးနိမ့်တိုင်း မငိုကြွေးဘူး။
အခုရောက်နေတာ
ခက်တရော်လမ်း။
သွေးကျမာကြမ်းလာပုံတွေ....။
ဆက်လက်တော်လှန်
ငါတို့ အားမာန်
ပန်းတိုင်မဝေးဘူး။ ။
23:00. 10-12-2022
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar