ခိုင်မျိုး - ရွာထဲမှာ
ရွာထဲမှာ
ခိုင်မျိုး
(မိုးမခ) ဇန်နဝါရီ ၃၀၊ ၂၀၂၃
ခုတော်တော်ရှက်ဖို့ကောင်းနေပြီလို့
ကန်ဇွန်းရွက်တွေကပြောတယ်
ကျွန်တော်လည်းခင်ဗျားဘေးမှာ
ဆူညံနေရတာအားနာလှပါပြီလို့
မီးစက်ကြီးကဆိုရဲ့
စက္ကူနဲ့စားကုန်တွေကတော့
ငွေစက်က္ကူတွေနဲ့အတူ
အပေါ်ထပ်ဆီလိုက်တက်သွားပြီ
မီးမပျက်သောနေရာက
မုန်ညင်းစေ့ကိုအခုမြို့ကြီးဆီ
ရှာတွေ့ပြီလား
ကျွန်တွေဆိုနေတဲ့တေးနဲ့
မြို့ကြီးတွေဟာ
ငရဲကျနေတာပေါ့
ရေကြည်ရေသန့်ဟာရေမလာတဲ့
ရေမီတာကိုဖြတ်ပြီး
ငြိမ်းချမ်းရေးနဲ့အတူတနေ့တော့
ရောက်လာလိမ့်နိုးပေါ့.
တုံးအောက်ကဖားတွေ
မိုးကိုစောင့်သလိုစောင့်ခဲ့ပါတယ်
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar