Breaking News

မောင်လင်းရိပ် - မိစ္ဆာနဲ့ တစ်စပ်တည်း နှစ်ကူးရတဲ့ခါ

မိစ္ဆာနဲ့ တစ်စပ်တည်း နှစ်ကူးရတဲ့ခါ
မောင်လင်းရိပ်
(မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၂၃

ပြာမှုန်နဲ့အမျှ ဆိုတော့
လူသားဥပဒေရဲ့ အပအထိ 
မီးခိုးတွေက တက်သွားပြီ
အဂ္ဂဘုံကို သတင်းဝင်တယ်
သွေးနဲ့ မျက်ရည်လည်း
ဝသုန္ဒရေကို သက်သေပြုပြီး
ကြိမ်နဲ့ ကြိုးက
အချိန်နဲ့အမျှ ထမ်းပိုးတက်လို့
အမြင်သာ အဆုံးရှိပြီး
အကုသိုလ်တုံးကြီးတွေ အလုံးလိုက် မဖုံးဖိနိုင်တော့ဘူး
နှစ်သစ်ဦးကို ချစ်ခြင်းမေတ္တာနဲ့ ကူးလို့မရ
မဟာ ကရုဏာကို ခေတ္တငှားတော်မူပါ ပုသျှာသခင်
၂၀၂၂၊ ဒီ ၃၁
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar