Breaking News

ကိုအောင်မှိုင်း - လွတ်မြောက်မှု



ကိုအောင်မှိုင်း - လွတ်မြောက်မှု

(မိုးမခ) ဇန်နဝါရီ ၂၇၊ ၂၀၂၃

မနှစ်ကပေါ့

ဒီကောင်မလေးလေ

မင်း မြင်ခဲ့တဲ့ ကောင်မလေး

ဘယ်ဒုက္ခသည်ဖြစ်ဦးမလဲ

ကလေးမှ ကလေးတယောက်

စာဖတ်ဝါသနာပါတယ်

အဘွားနဲ့အတူ လမ်းလျှောက်ချင်တယ်။


တရက်မှာပေါ့.........

လေယာဥ်သံတွေကြားပြီး

ဗုံးတွေကြဲချနေတယ်

စက်သေနတ်တွေလဲ ပစ်ကြတယ်

သူမတို့ ရွာက ထွက်ပြေးခဲ့ကြရတယ်

အခုတော့

သူမကို ဒုက္ခသည်လို့ ခေါ်လိုက်ကြပြီ။


ဒါပေမဲ့

သူမက ကလေးလေးတယောက်ပါ

သူမ လွတ်မြောက်ပါစေ

သူမဟာ ခင်ဗျား ဖြစ်နိုင်သလို

သူမဟာ ကျနော်လည်း ဖြစ်နိုင်ပါတယ်။

ကိုအောင်မှိုင်း

( စာရေးဆရာ ©Amy Ludwig VanDerwater ရဲ့ Free ကို မှီငြမ်းပါတယ်။)

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar