Breaking News

ဝဇီရာဒီဖိုး - နွေဦးတိုက်ပွဲဆိုတာ


နွေဦးတိုက်ပွဲဆိုတာ
ဝဇီရာဒီဖိုး
(မိုးမခ) ဇန်နဝါရီ ၂၃၊ ၂၀၂၃

နေရာလွတ် မရှိ
ရင်ဘတ်မရှိတဲ့ ရင်ဘတ်ပေါ်  
ဂုဏ်ထူးဆောင် တံဆိပ်တွေက။

လူပိန်တွေပေါ်က လူဝကြီးခွထိုင်ပြီး
ချိန်ခွင်ကို ကိုင်ပြထားသလိုမျိုး
သူတို့ဥပဒေက တောတွင်းဝါဒ။

ငါတို့ဥပဒေက....
လွတ်လပ်ခြင်း၊ တရားမျှတခြင်း
လူ့အခွင့်ရေးနဲ့ ဒီမိုကရေစီ။

တောင်းယူလို့မရတော့
တိုက်ယူရမှာပေါ့။        ။

16:31, 21-1-2023
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar