Breaking News

နီမျိုးထက် - တစ္ဆေလား

တစ္ဆေလား
နီမျိုးထက်
(မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၂၃

နံရံပေါ် ထင်နေတဲ့အရိပ်ဟာ
မတရားမှုကို တွဲလွဲခိုစီး
တိတ်ဆိတ်သော အသံမှာ
ကြိတ်မနိုင်ခဲမရမှုတွေ ပူးဝင်စွဲကပ်
လရောင်အောက်က လမ်းကလေးရဲ့
နှင်းနဲ့တိတ်တခိုးကျွမ်းဝင်ခဲ့ရခြင်းမှာ စိမ့်ဝင်
အဆုံးသတ်လှမယ့် သီချင်းတပုဒ်ကို
ခပ်တိုးတိုး ညည်းဆို
ခွေးတကောင်ရဲ့ ဆွဲဆွဲငင်င် အူသံထဲ လိမ့်ကျ
ဇာတ်သိမ်းခန်းတခုလို ညဟာ
သိပ်ချောက်ချားစရာကောင်းလာတယ် ။   ။

၅/ ဇန်နဝါရီ/ ၂၀၂၀
၆/ ဇန်နဝါရီ/ ၂၀၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar