ညွန့်သောင်းစီ - ဧည့်လမ်းညွှန်
ဧည့်လမ်းညွှန်
ညွန့်သောင်းစီ
(မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၂၃
ဇာတ်သဘင်က
ငါတို့ကိုကျောခိုင်းထားရင်
ငါတို့က
ဇာတ်စင်ကိုကျောခိုင်းသွားကြရုံပေါ့။
ကွေးအောင်,က,ဦးတော့
သွေးအရောင်မလှရင်
ကလေးတောင်မှ ပွဲခင်းရှိရာမလာပါဘူး။
တောင်းပန်စကားတွေနဲ့
ဗြောင်းဆန်သွားလေသတဲ့
အော် ...
တယောရံခဲ့တဲ့ ရှေးကတစ်ရံရောများ..
ဖိုးစိန်လမ်း။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar