Breaking News

မောင်လင်းရိပ် - တောင်တန်းအေးအေးပင်လယ်ဝေးဝေး

တောင်တန်းအေးအေးပင်လယ်ဝေးဝေး
မောင်လင်းရိပ်
(မိုးမခ) ဇန်နဝါရီ ၂၄၊ ၂၀၂၃

ပင်လယ်ကြီးကို ဝိုင်တစ်အိုးလို သောက်ရမလား
ဝိုင်တစ်အိုးကို ပင်လယ်ကြီးလို ထိုင်ကြည့်ရမလား
ဒီလေနဲ့ ဒီလှိုင်းသံတွေကကို မူးယစ်ဝေဖို့ လုံလောက်ခဲ့ပါတယ်
သဘာဝကို အရှိအတိုင်းလက်ခံဖို့ ဘာဆေးဝါးမှ အကူမလိုခဲ့။
*
အာရုံခြောက်ပါးဟာ နိုးကြားနေတုန်းပဲ
ပင်လယ်ကို မြင့်တက်အောင် ဆွဲနေတဲ့ လဟာ ငါ့ကိုချန်မထားခဲ့
ဒီလို အဖျားတက်ပုံမျိုးကို ဘာဆေးနဲ့ ဖြေရသလဲ
ပင်လယ်ဒီလှိုင်းတွေ ပြေကျတဲ့ အချိန်ကို စောင့်ရမယ့်ပုံပဲ။

၂၀၂၃၊ ဇန် ၁၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar