Breaking News

ဥတုရာသီ ဖောက်ပြန်ပြီ (နိုင်ငံတကာ သာဂိ)




ဥတုရာသီ ဖောက်ပြန်ပြီ (နိုင်ငံတကာ သာဂိ)
(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၂၃

၂၀၂၂ နှစ်ကုန် ရက်သတ္တပတ်ကစပြီး ၂၀၂၃ ဇန်နဝါရီလ တလလုံး တကမ္ဘာလုံးမှာ ရာသီဥတုပြင်းထန်မှုတွေ ရင်ဆိုင်ရပါတယ်။

ကယ်လီဖိုးနီးယားမှာ atmospheric river လို့ ခေါ်တဲ့ လေထဲကမြစ်ကြီးတွေလို အရှိန်အဟုန်နဲ့ မိုးများစွာ ရွာသွန်းခဲ့ပါတယ်။

မိုးမုန်တိုင်းများ မြောက်အမေရိကားတခုလုံး တိုက်ခပ်ခဲ့ပါတယ်။ လူများ လမ်းများ လုပ်ငန်းများစွာ သေကျေ ပျက်စီး ဆုံးရှုံးကြပါတယ်။

ကမ္ဘာအရှေ့ခြမ်းမှာ အအေးလှိုင်းတွေ ဝင်ရောက်နေပါတယ်။ နယူးဇီလန်မှာ မိုးကြီးချက်က တရာသီလုံးရွာမယ့် မိုးကို တရက်တည်း ရွာချလိုက်ပါတယ်။

အခု အမေရိကားမှာ အအေးလှိုင်းများ ဝင်ရောက်နေပြန်ပါတယ်။

မကြာမီမှာပဲ အခြား တိုက်ကြီးများမှာ ရာသီဥတုဖောက်ပြန်မှု ဆိုးဝါးမှုတွေ ရင်ဆိုင်ကြရဦးမယ် ဆိုကြပါတယ်။

ယခင်က ဇလဗေဒနည်းပညာ မိုဒယ်များနဲ့ ခန့်မှန်းချက်တွေ ၂၀၂၂ နှစ်ကုန်ကတည်းက လွဲချော်ခဲ့တယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ပါတယ်။

ဥပမာ - မိုးရွာမယ် ပြောထားပြီး မရွာတာ၊ မရွာတော့ဘူးဆိုမှ ရွာချတာမျိုးတွေ ရင်ဆိုင်ကြရပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေကတော့ ရာသီဥတုဖောက်ပြန်မှု ပြောင်းလဲမှုတွေဟာ ကမ္ဘာကြီးမှာ ကာဘွန်ထုတ်လုပ်မှုနဲ့ အခြားအထွေထွေ ပတ်ဝန်းကျင် ပျက်စီးမှုတွေကြောင့် ခံစားရတာလို့ ဆိုပါတယ်။ ကမ္ဘာကြီး ပူနွေးလာလို့ ရေခဲတွေ ပျော်ကျလာတယ်။ ရေအေးတွေ ပင်လယ်ထဲ စီးဝင်လို့ လေထုမှာ အပူချိန်တွေ ပြောင်းလဲလာကြတယ်။ ရာသီဥတုပြောင်းလဲ ကုန်တယ်လို့ ဆိုပါတယ်။

ခုချိန်မှာ ပင်လယ်ရေပြင် မြင့်တက်လာတာ၊ ကုန်းတွင်းပိုင်းမှာ မြေသားတွေ နိမ့်ကျလာတာ စတဲ့ သဘာဝန်းကျင် ပြောင်းလဲမှုတွေ စတင် သိသာလာတယ် ဆိုကြပါတယ်။

သည်တော့ ဘာလုပ်ကြမလဲ ဆိုတော့ - သဘာ၀ရင်းမြစ်တွေကို ဖြုံးတီးမယ့်အစား ထိန်းသိမ်းဖို့ ချွေတာဖို့ လောင်စာတွေ စွမ်းအင်တွေ မလိုအပ်ရင် မသုံးဘဲ နေကြဖို့ လိုတယ်လို့တော့ ပြောကြတာပဲ။







Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar